Home » » မြန်အောင်၌ မူလတန်း ကျောင်းသားများ အစာအဆိပ်သင့်မှု ဖြစ်ပွား

မြန်အောင်၌ မူလတန်း ကျောင်းသားများ အစာအဆိပ်သင့်မှု ဖြစ်ပွား

Written By Unknown on Tuesday, July 30, 2013 | 9:16 PM

ဧရာဝတီတိုင်း ဒေသကြီး မြန်အောင်မြို့နယ်၊ ထိန်သေးကြီး ကျေးရွာအုပ်စု ၊    တောင်ပတ်လယ်ကျေးရွာ အမက(တောင်ပတ်လယ်)တွင် ၂၄-၇-၂၀၁၃ ရက်နေ့ ကျောင်းချိန်အတွင်း ကျောင်းသားများ စာသင်ကြား နေစဉ် ကျောင်းသား(၅)ဦးတို့သည် ကျောင်းအတွင်းရှိ သောက်ရေအိုးမှ ရေကို ခပ်ယူသောက်ခဲ့ရာ ရေသောက်ပြီး မကြာမီနာရီပိုင်း အတွင်း ၀မ်းသွားခြင်း၊ ဗိုက်နာခြင်း၊ မူးဝေခြင်းများ ဖြစ်ခဲ့ကြသည်။

၎င်းအပြင် ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းဌေး နေ့စဉ် သောက်သုံးနေသော ရေနွေးဓာတ်ဗူးသည်လည်း သောက်မည်ဟု ပြုလုပ်သောအခါ ပြင်းစွာသော အနံ့ရခြင်း၊   ဓာတ်ဗူးနှတ်ခမ်းဝတွင် အဖြူရောင်အမှုန့်များတွေ့ခြင်းတို့ကြောင့် ဆရာမကြီးက ဓာတ်ဗူးထဲရှိ ရေနွေးကြမ်းအားသွန်ပစ်ခဲ့သဖြင့် ဆရာမကြီးဘာမှ မဖြစ်ခဲ့ပါ။ ကလေးများ သောက်သော သောက်ရေအိုးထဲတွင် တရုပ်စာလုံးဖြင့် ရေးထားသော ဆေးပြားအဖြူ တစ်လုံးတွေ့ခဲ့ရာ ၎င်းဆေးလုံးအားကျောင်းစုမှူး ဆရာဦးလှဝင်းထံသို့အပ်နှံခဲ့ပါသည်။

ထိုအဆိပ်သင့်မှုမှာ နံနက်ပိုင်းတွင် ဖြစ်ခဲ့သော်လည်း ကျောင်းအကျိုးတော် ဆောင်နာယကများ ဖြစ်ကြသော  ဦးစိုးဝင်း၊ ဦးသောင်းစိန်၊ ဦးကံမြင့်တို့အား ရာအိမ်မှူးဦးမြင့်ဇော်မှ နေ့လည်(၂း၀၀)နာရီခန့်တွင်လာရောက် အကြောင်းကြား သဖြင့် ထိုနာယကများနှင့် ကျောင်းသား မိဘများကျောင်းသို့လိုက်သွားကြပါသည်။

နာယကများ ကျောင်းသို့ရောက်သွားသော အခါတွင် ဆရာမဒေါ်သန်းဌေးနှင့် ကျောင်းလုပ်သား ကိုစိန်သောင်း၏ ဇနီးဒေါ်သန်းသန်းတို့ကမိမိတို့အနံ့မခံနိုင်သဖြင့် ရေအိုးထဲမှ ရေကိုသွန်ပစ်ခဲ့ကြောင်း၊ မပျော်ဝင်သေးသော ဆေးပြားအားရာ အိမ်မှူးကိုမြင့်ဇော်နှင့် ကိုသန်းအောင်တို့မှကျောင်းစုမှူး ဆရာဦးလှဝင်းထံ အပ်နှံလိုက်သည်ဟု သိရပါသည်။

ကျောင်းတွင်း အဆိပ်သင့်မှုဖြစ်ပွားခဲ့သော ကျောင်းသားများကို အင်္ဂပူမြို့နယ် ထူးကြီးတိုက်နယ်ဆေးရုံသို့ပို့ကာကုသမှုခံယူခဲ့ရပါသည်။ အခင်းဖြစ်ပွားပြီး နောက်တစ်နေ့တွင်ကျောင်းသို့ကျောင်းသားများကို မိဘများက မလွှတ်ရဲတော့ သဖြင့် ကျောင်းသား ထက်ဝက်ခန့်သာကျောင်းတက်ရောက်ခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။

ကျောင်းသားမိဘများနှင့် ကျောင်းအကျိုးတော်ဆောင် နာယကများကလည်း တရားခံ ဖော်ထုတ်နိုင်မှသာ ကျောင်းသားများကို ကျောင်းသို့စေလွှတ်ပညာ သင်ကြားစေမည် ဖြစ်ကြောင်းနှင့် ၎င်းကိစ္စအား သက်ဆိုင်ရာမှ အမှုမှန်ပေါ်ပေါက်ရေး အမြန်ဆောင်ရွက် ပေးရန် တင်ပြ
အပ်ပါသည်။

ကျောင်းအကျိုးတော်ဆောင် နာယကများနှင့် ကျောင်းသားမိဘများ

တောင်ပတ်လယ်ရွာ

by Myanmar News Now