Home » » ငြိမ်းချမ်းရေး ယူထားသော တပ်ဖွဲ့များ လိုင်စင်မဲ့ ယာဉ်စီး လျှင် အရေးယူမည်

ငြိမ်းချမ်းရေး ယူထားသော တပ်ဖွဲ့များ လိုင်စင်မဲ့ ယာဉ်စီး လျှင် အရေးယူမည်

Written By Unknown on Wednesday, July 24, 2013 | 2:12 PM

ငြိမ်းချမ်းရေးယူထားသော တပ်ဖွဲ့ ဝင်များ လိုင်စင်မဲ့ယာဉ်စီးနင်းပါက တရားဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူ သွားမည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန် ကြီး ဒေါက်တာ ပွင့်ဆန်းက ပြောသည်။

ငြိမ်းချမ်းရေးယူထားသော တပ်ဖွဲ့ များကို မော်တော်ယာဉ်လိုင်စင် များ ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်သဖြင့် လိုင်စင်မဲ့ယာဉ်စီးနင်းပါက တရား ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ၄င်းက ပြောသည်။

ပြည်တွင်းသို့ ဝင်ရောက်လာသော လိုင်စင်မဲ့ကားများမှာ တရားဝင် ဖွင့် လှစ်ထားသောနယ်စပ်ဂိတ်များမှ သော် လည်းကောင်း၊ တရားဝင်ဖွင့် လှစ်ထား ခြင်းမရှိသေးသော နယ်စပ်ဂိတ်များမှ သော်လည်းကောင်း ဝင်ရောက်လာခြင်း ကိုသိရှိခြင်းရှိမရှိဦးတိုးဝင်း၊ တနင်္သာ ရီတိုင်း မဲဆန္ဒနယ်အမှတ် ၁၂ က ပထမ အကြိမ်အမျိုးသားလွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေး ၁၃ ရက် မြောက် နေ့တွင်မေးမြန်းရာ ဒုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

''ယခုနောက်ဆုံးဖွင့်ခဲ့တဲ့ ထီးခီး စခန်း အပါအဝင် နယ်စပ်ကုန် သွယ်ရေး စခန်း ၁၅ ခု ဖွင့်ထားပါတယ်။ စီးပွား ရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီး ဌာန အနေနဲ့ ၂ဝဝ၄-၂ဝဝ၅ ဘဏ္ဍာနှစ် မှ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်အတွင်း တရားမဝင်ယာဉ် (Without Car) ၅၉၆ စီး ခန့်မှန်းတန်ဖိုးကျပ်သန်း ပေါင်း ၁၇၈၁၁ ဒသမ ၇၅ ဖမ်းဆီးရမိခဲ့ပါ တယ်''ဟု ၄င်းက ပြောသည်။

မြန်မာ-ထိုင်းနယ်စပ်လမ်းကြောင်း ပေါ်ရှိ မရမ်းချောင်း ကန့်သတ် ကုန်ပစ္စည်း စစ်ဆေးရေးစခန်းမှ တရားမဝင်ကား များ ဖမ်းဆီးရမိမှုမှာ အများဆုံးဖြစ် ကြောင်း၊ အထူးသဖြင့်မြဝတီကုန်သွယ်ရေး ဇုန်ရှိသောင် ရင်းမြစ်ကမ်းတစ်လျှောက် တွင် တရားမဝင်ဂိတ်များမှ တရားမဝင် ပစ္စည်းနှင့် တရားမဝင်ယာဉ်များ တင် သွင်းပြီး ကုန်သွယ်ရေးဇုန်ရှောင်ကွင်း လမ်းကြောင်းမှ ပြည်တွင်းသို့ တရား မဝင် ဝင်ရောက်နေကြောင်း၊ ပြည်တွင်း တရားဝင်ဖွင့်လှစ်ထားသော ဂိတ်များကို ရှောင်ကွင်း၍ စာရွက်စာတမ်း အတုများ ပြုလုပ်ကာ ဖြတ်သန်းသယ်ဆောင်မှု ရှိသည်ကို သတင်း ရထားကြောင်း ၄င်းက ပြောသည်။

''တရားမဝင် လိုင်စင်မဲ့ယာဉ်များ ဝင်ရောက်လာတတ်သည့် လမ်းကြောင်း များမှာ ကချင်ပြည်နယ် ငါးခု၊ ကယား ပြည်နယ် နှစ်ခု၊ ကရင်ပြည်နယ်မှာ ၁၇ ခု၊ ရှမ်းပြည်နယ်၌ ၁၂ ခုနဲ့ တနင်္သာရီ တိုင်းဒေသကြီး၌ လေးခု စုစုပေါင်း လမ်းကြောင်း ၄ဝ ရှိပါတယ်'' ဟု
၎င်းက ပြောသည်။

၂ဝ၁၂ ခုနှစ်တွင် လိုင်စင်မဲ့ ယာဉ် ၄၁ စီးအတွက် အရပ်သား ၅ဝ ဦးကို လည်းကောင်း၊ ၂ဝ၁၃ ခုနှစ်တွင် လိုင် စင်မဲ့ယာဉ် ငါးစီး အတွက် အရပ်သား ငါးဦးကို ဖမ်းဆီးအရေးယူကာ ငွေဒဏ် နှင့် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း၊ ၂ဝ၁၃ ခုနှစ်တွင် လိုင်စင်မဲ့ ယာဉ်စီးနင်း ပြီး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် ရဲဝန်ထမ်း နှစ်ဦးတို့ကိုလည်း ငွေဒဏ်နှင့် ထောင်ဒဏ်ချမှတ်အရေးယူခဲ့ကြောင်း ၄င်းက ပြောသည်။

စိုင်းနောင်

Popular Myanmar News Journal