Home » » လှေစီး ဖမ်းမိသူများထဲတွင် ဘင်္ဂလာဒေခ်ျ့က ပိုများ

လှေစီး ဖမ်းမိသူများထဲတွင် ဘင်္ဂလာဒေခ်ျ့က ပိုများ

Written By Unknown on Sunday, July 14, 2013 | 3:28 PM

လှေစီး ခိုလုံခွင့်တောင်သူ ၆၂ ယောက်ကို အင်ဒိုနီးရှား ကမ်းခြေစောင့် ရဲတပ်ဖွဲ့က လွန်ခဲ့သော သောကြာနေ့က ဖမ်းဆီးခဲ့ရာ အများစုမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရဟု သိရသည်။

ဖမ်းဆီးမိသူ ၆၂ ဦးထဲတွင် ၄၁ ဦးမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသားများ ဖြစ်ကြပြီး မြန်မာမှ ပါလာသူမှာ ၁၈ ယောက် ဖြစ်ကြောင်း၊ ထိုအထဲတွင် နီပေါနိုင်ငံသား ၃ ယောက်ပါဝင်ကြောင်း၊ ၎င်းတို့နှင့် အတူ အင်ဒိုနီးရှား သင်္ဘောသား (၂) ယောက်ကိုလည်း ဖမ်းဆီးခဲ့ကြောင်း အင်ဒို လူဝင်မူ ကြီးကြပ်ရေး အရာရှိများက ဆိုသည်။

သူတို့ ၆၂ ဦးအား အင်ဒိုနီးရှား နိုင်ငံ ဂျာဗားကျွန်း အနောက်ဘက်ရှိ ကာရ၀န် (Karawang) ပင်လယ် ကမ်းခြေတွင် မော်တော်ဘုတ်  တစ်စီးပေါ်မှ ဖမ်းမိခဲ့သည်ဟု သိရသည်။

ဒေသခံများမှ အဆိုပါ သင်္ဘောအား တွေးမြင်ပြီးနောက် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း၊ လိုက်လံရှာဖွေစဉ် ရေယိုပြီး ပင်လယ်ထဲတွင် မျောပါနေသော ၎င်းဘုတ်အား တွေ့ရှိခဲ့ကြောင်း ဆိုသည်။

ယခုအခါ သူတို့နှင့် ပတ်သက်သော ကိုယ်ရေး ရာဇ၀င် အချက်အလက်များကို စုဆောင်းပြီး အနောက်ဂျာဗာရှိ ထိန်းသိမ်းရေး စခန်းသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့ သတင်းဌာန တစ်ခု ဖြစ်သော UNB က အဆိုပါ သတင်းအား 41 Bangladeshi asylum seekers held in Indonesia ခေါင်းစဉ်ဖြင့် ယနေ့တွင် သတင်း ဖေါ်ပြသည်။

နိရဉ္စရာ- ၁၄ ဇူလိုင် ၂၀၁၃