Home » » စားသောက်ဆိုင် တရားမဝင် အနှိပ်ခန်း ဖမ်းဆီး

စားသောက်ဆိုင် တရားမဝင် အနှိပ်ခန်း ဖမ်းဆီး

Written By Unknown on Thursday, July 18, 2013 | 2:20 PM

မန္တလေး၊ ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် မဟာမြိုင် (၁) ရပ်ကွက် အတွင်းရှိ (Triple Four) စားသောက်ဆိုင်တွင် တရားမဝင် အနှိပ်ခန်း ဖွင့်လှစ်ထားမှုကို ဇူလိုင်လ ၁၅ ရက်နေ့ ည ၇ နာရီက ဖမ်းဆီး အရေးယူ ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“အနှိပ်ခန်းတွေကို တရားဝင် ခွင့်ပြုထားတာ မရှိပါဘူး။ အရေးယူမှုကိုတော့ မဟာအောင်မြေမြို့နယ် တရားရုံးကို ဦးတိုက် လျှောက်ထားဖို့ စီစဉ်ထား ပါတယ်။ ပြစ်ဒဏ်ကတော့ ထောင်ဒဏ်က တစ်လ၊ ငွေဒဏ်က ၂၀၀ ကျပ် တစ်ပေါင်းတည်း ကျခံရမှာပါ” ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲမှူး ဦးစိုးငြိမ်းက ပြောကြားသည်။

“မန္တလေးမှာ တရားမဝင် အနှိပ်ခန်းတွေကတော့ ရှိတယ်။ အဲဒီမှာ ကောင်မလေးတွေကပဲ နှိပ်ပေးတယ်။ ကိုယ် အဆင်ပြေရင် ပြေ သလိုပေါ့” ဟု မန္တလေးမြို့ခံ အသက် ၁၉ နှစ်အရွယ် အမျိုးသား တစ်ဦးက ပြောကြားသည်။

အဆိုပါ တရားမဝင် အနှိပ်ခန်းကို ဦးစီး ဆောင်ရွက်သူ ဒေါ်အေးအေးခိုင်နှင့် အနှိပ်ခန်း လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်သူ ၁၀ ဦးကို အနှိပ်ခန်းတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများနှင့် အတူ ဖမ်းဆီးရ မိခဲ့ကြောင်း တိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

The Voice Weekly