Home » » ရွှေပြည်သာမြို့နယ်တွင် ညလုံးပေါက် ဖွင့်ထားသည့် ပန်ကာမှ အပူရှိန် လွန်ကဲ၍ မီးလောင်မှု ကြောင့် မိသားစု(၇) ဦးဒဏ်ရာရ

ရွှေပြည်သာမြို့နယ်တွင် ညလုံးပေါက် ဖွင့်ထားသည့် ပန်ကာမှ အပူရှိန် လွန်ကဲ၍ မီးလောင်မှု ကြောင့် မိသားစု(၇) ဦးဒဏ်ရာရ

Written By Unknown on Sunday, July 28, 2013 | 3:15 PM

ရန်ကုန်၊ ဇူလိုင် ၂၈

၂၈.၇.၂၀၁၃ ရက်နေ့ ၀၆၀၀ အချိန် ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ အောင်ချမ်းသာလမ်း၊ အမှတ်(၈၂၂) နေ ဦးဝေလွင်၊ (၅၈)နှစ်၊(ဘ)ဦးကြည်မြင့် ၏ နေအိမ်တွင် ညလုံးပေါက် ဖွင့်ထားသော စားပွဲတင်ပန်ကာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ရာ ဦးဝင်းထွန်းအောင်၏မိသားစု အိပ်နေသော ခြင်ထောင်နှင့် အနီးတွင်ထား ရှိသော ရေသန့်ဗူး ဖြင့်ထည့်ထားသည့် ဓါတ်ဆီဗူးအား ဆက်လက်ကူးစက် လောင်ကျွမ်းခဲ့၍ ရပ်ကွက်နေပြည်သူများမှ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် ၀၆၀၅ အချိန် တွင်မီးငြိမ်းသွားခဲ့ပြီး တာဝန်ရှိသူများရောက်ရှိ စစ်ဆေးခဲ့ပါသည်။

အဆိုပါ မီးလောင်မှုတွင် ဦးဝင်းထွန်းအောင်၊(၃၇)နှစ်၊(ဘ)ဦးကျော်သန်း တွင် မီးလောင်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ပြီး၊ ကျန်မိသားစုများဖြစ်သည့် ဦးဝေလွင့်၊ ဒေါ်အေးမြင့် (၄၆)နှစ်၊(ဘ)ဦးတင်ကြူ၊ မောင်ဝေမိုးလွင်(၂၀)နှစ်၊(ဘ)ဦးဝေလွင်၊ မောင်ဥက္ကာ၊ (၁၄)နှစ်၊ (ဘ)ဦးဝင်းဇော်မိုး၊ ရဲဝင်းထွန်း၊(၁၂)နှစ်၊(ဘ)ဦးဝင်းထွန်းအောင် နှင့် မအိသက်မွန်၊(၄)နှစ်၊ (ဘ)ဦးဝင်းထွန်းအောင် တို့(၆)ဦးတွင် သာမန်မီးဟပ်သည့် ဒဏ်ရာများရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံသို့ တင်ပို့ကုသလျက်ရှိပါသည်။

မီးလောင်မှုကြောင့် တန်ဖိုးငွေကျပ် (၃၀၀၀)ခန့်ဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် အိမ်ရှင် ဦးဝေလွင်အား ရွှေပြည်သာမြို့မရဲစခန်း(ပ) ၅၃၂/၂၀၁၃၊ ပုဒ်မ ၂၈၅/၃၃၈ ဖြင့် အရေးယူထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police