Home » » ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသဖြင့် ယာဉ်တိုက်မှု ဖြစ်ပွားရာ မုံရွာတက္ကသိုလ် ကျောင်းသား တစ်ဦးသေဆုံး

ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသဖြင့် ယာဉ်တိုက်မှု ဖြစ်ပွားရာ မုံရွာတက္ကသိုလ် ကျောင်းသား တစ်ဦးသေဆုံး

Written By Unknown on Monday, July 15, 2013 | 12:09 PM

မုံရွာ   ဇူလိုင်   ၁၄

မုံရွာမြို့  သလ္လာမြို့သစ်ရပ်ကွက်၊  ကျောက္ကာလမ်း၊ စီးပွားရေးတက္ကသိုလ် ကျောင်းအနီး ပန်းဝတ်ရည်အမျိုးသမီးဘော်ဒါဆောင်ရှေ့တွင်  မုံရွာတက္ကသိုလ် ကျောင်းသားတစ်ဦး မျက်နှာချင်းဆိုင်ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသဖြင့် သေဆုံးခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယခု ဇူလိုင် ၁၂ ရက် ည ၇ နာရီခွဲခန့်က ကျောက္ကာလမ်းမကြီး အတိုင်းအရှေ့မှ အနောက်သို့ လှိုင်မျိုးဝေ(၂ဝ နှစ်) ရူပဗေဒ ပထမနှစ်ကျောင်း သားဆိုသူ  စီးနင်းလာသော  ဂျာလင်းစူပါကပ်  ဆိုင်ကယ်ယာဉ်အမှတ် ၈ယ/...နှင့် အဆိုပါ လမ်းမကြီးအတိုင်းအနောက်မှ အရှေ့သို့ ပြည့်ဖြိုးကြွယ် ဆိုသူ စီးနင်းလာသော ယာဉ်အမှတ်မပါ အက်ဖ်ဇက်ဆိုင်ကယ်တို့ မျက်နှာချင်း ဆိုင် တိုက်မှုဖြစ်ပွားခဲ့ရာ  လှိုင်မျိုးဝေသည် ဒဏ်ရာများရရှိခဲ့ပြီး မုံရွာပြည်သူ့ ဆေးရုံကြီး၌ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေစဉ် ဇူလိုင် ၁၃ ရက် နံနက် ၂ နာရီခန့်က သေဆုံးခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုကို မုံရွာအမှတ်(၂)ရဲစခန်းက ယာဉ်အမှုဖွင့်အရေးယူ ထားခဲ့သော်လည်း   ယာဉ်တိုက်ရာတွင်   လူသေဆုံးမှုဖြစ်ပွားခဲ့ရသည့်အတွက် ၃ဝ၄ (က)သို့ ပြောင်းလဲရေးဖွင့်ခဲ့ရကြောင်း သိရှိရသည်။

ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းရန် လိုက်နာခဲ့ပါက မတော်တဆ ယာဉ် တိုက်မှုဖြစ်ပွားစေကာမူ ဦးထုပ်ဆောင်းထားသည့်အတွက် သေကံမရောက် သက်မပျောက်နိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ် ဖွဲ့ခွဲမှူး ရဲမှူးခင်ဇော်မြင့်က ပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

သြဇာ(မုံရွာ)

မြန်မာ့အလင်း