Home » » မြေမြှုပ်မိုင်းကိစ္စ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ဆွေးနွေး

မြေမြှုပ်မိုင်းကိစ္စ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ဆွေးနွေး

Written By Unknown on Sunday, July 7, 2013 | 5:22 AM

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က စွပ်စွဲပြောဆိုသလို မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက်မှာ မြန်မာနိုင်ငံဘက်က မြေမြှုပ်မိုင်းထောင်ထားတာတွေမရှိကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အသိပေးဖြေရှင်းခဲ့တယ်လို့ မောင်တောခရိုင် နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးကွပ်ကဲရေးဌာနချုပ် ဒုတိယ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ထူးလှိုင်က RFA ကို ပြောကြားခဲ့ပါတယ်။

မြန်မာဘက်က မြေမြှုပ်မိုင်းတွေ ထောင်ထားတယ်ဆိုတာ မဟုတ်မမှန်ကြောင်း အဓိကထားရှင်းလင်းခဲ့တယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ န.စ.က ဒုတိယကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ထူးလှိုင်က RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံက န.စ.ကဌာနချုပ် ကွပ်ကဲရေးမှူး ဦးအောင်နိုင်ဦးခေါင်းဆောင်တဲ့ ကိုယ်စားလှယ် ၁၅ ဦးအဖွဲ့တို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

ဒီဆွေးနွေးပွဲမှာ ဘင်္ဂလားဒေ့ရှ်ဘက်က နယ်ခြားစောင့် BGB တပ်ဖွဲ့အမှတ် ၁၈ ကွပ်ကဲရေးမှူး ဦးဆောင်တဲ့အဖွဲ့က တက်ရောက်ဆွေးနွေးခဲ့ပြီး မြေမြှုပ်မိုင်းကိစ္စတွေအပြင် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးများဝင်ရောက်မှု ပပျောက်ရေးကိစ္စတွေကိုပါ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

RFA Burmese