Home » » ကရင် လက်နက်ကိုင်များ အားလုံး တွေ့ဆုံ ဆွေးနွေးမည်

ကရင် လက်နက်ကိုင်များ အားလုံး တွေ့ဆုံ ဆွေးနွေးမည်

Written By Unknown on Monday, July 29, 2013 | 2:03 PM

ရန်ကုန်၊ ဇူလိုင် ၂၈

ကရင် တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် တူညီသော အချက်များကို ပူးပေါင်း လုပ် ဆောင်ရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကရင် လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးေ...တွ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA) မှ ဗိုလ်ကြီးညီညီက The Voice သို့ ပြောကြားသည်။

“ဇူလိုင် ၂၉ ရက် နောက်ပိုင်း ဆွေးနွေးမယ်” ဟု ၎င်းက ဆိုသည်။

ကရင် တိုင်းရင်းသားများ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေးကို ဖော်ဆောင်ရာတွင် တူညီသော မူဝါဒများကို ကရင် လက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်း လုပ်ဆောင်ပြီး နောက်ဆုံးတွင် ကရင် လက်နက်ကိုင် တပ်ဖွဲ့ တစ်ခုတည်း အဖြစ် ပူးပေါင်းနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း DKBA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေးက ပြောကြားသည်။

ယခင်ဆွေးနွေးပွဲ သဘောတူညီချက်များအရ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များနှင့် DKBA တပ်သားများအကြား အငြင်းပွားမှုမျိုးကဲ့သို့ အဖွဲ့အစည်း မတူညီသည့် ကရင် လက်နက်ကိုင် တပ်သားများ အကြား ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ကရင် လက်နက်ကိုင် ပေါင်းစည်းရေး ကော်မတီက ညှိနှိုင်း ဖြေရှင်းမည် ဖြစ်ကြောင်း၊ မြေမြှုပ်မိုင်း ရှင်းလင်းရေးတွင်လည်း ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဗိုလ်ချုပ် စောမိုရှေးက ထုတ်ဖော် ပြောကြားသည်။

ယင်းဆွေးနွေးပွဲသို့ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)နှင့် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီတို့ တက်ရောက် ဆွေးနွေးမည် ဖြစ်သည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ကာ တပ်မတော် အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်တွင် အစိုးရတပ်နှင့် တိုက်ခိုက်မှုများ ပြန်လည် ဖြစ်ပွားခဲ့ပြီး ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပြန်လည် ရရှိခဲ့သည်။

The Voice Weekly