Home » » စစ်ဘေးကြောင့် ထွက်ပြေး တိမ်းရှောင် နေသူများကို KNU က ဇီးပင်ရွာတွင် မြေနေရာ ချထားပေးနေ

စစ်ဘေးကြောင့် ထွက်ပြေး တိမ်းရှောင် နေသူများကို KNU က ဇီးပင်ရွာတွင် မြေနေရာ ချထားပေးနေ

Written By Unknown on Wednesday, June 5, 2013 | 3:15 PM

စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင် နေသူများအတွက် (KNU)ကရင် အမျိုးသား အစည်းအရုံးက ဘုရားသုံးဆူမြို့နယ်ခွဲရှိ ဇီးပင်ရွာတွင် နေထိုင်ရန် အတွက်မြေနေရာများ အပြင်လုပ်ကိုင်စားသောက်နိုင်ရန် မြေဧကများကို (၂၀၁၃)ခုနှစ်၊ မတ်လကစ၍ ပေးနေကြောင်းသိရသည်။

ယခုလိုမြေနေရာများပေးဖြစ်ပုံနှင့် ပတ်သက်၍ (KNU)ဒူးပလာယာခရိုင် ဥက္ကဋ္ဌဦးစောရွှေမောင်း
ကပြောကြားခဲ့သည်။ မြေနေရာများပေးသည့် အခါတွင်လည်း အိမ်ထောင်စု၏ လူဦးရေအခြေအနေကို ကြည့်၍ အိမ်ထောင်စု တစ်ခုကိုပေ(၆၀)xပေ(၉၀) အပြင်ပေ(၉၀)xပေ(၁၀၀)ပေးအပ်ပြီး လုပ်ကိုင်စားသောက်ရန်အတွက် လူတစ်ဦးကိုမြေ(၅)ဧက ပေးခြင်းဖြစ်ကြောင်း သိရသည်။

မြေလျှောက်ထားလိုသူများအနေနှင့် KNU ကဖွဲ့စည်းပေးထားသော လူထုနေရာ ပြန်လည်ချထားရေးကော်မတီသို့ သတင်းပို့ရမည်ဖြစ် ကြောင်းသိရသည်။ အဆိုပါ ကော်မတီအဖွဲ့ကလျှောက်ထား လာသူ များကို စိစစ်မှုများ ပြုလုပ်၍ မြေနေရာ ပေးကြောင်း သိရသည်။

ယခုလို မြေနေရာပေးသည့် အခါတွင် တွေ့ကြုံရသော အခက်အခဲနှင့် ပတ်သက်၍ ဒူးပလာယာခရိုင် ဥက္ကဋ္ဌဦးစောရွှေမောင်း ကပြောကြားခဲ့သည်။ ထို့ပြင်ဦးစောရွှေမောင်းက လက်ရှိတွင် ကော်မတီ၏
တင်ပြချက် အရလာရောက်လျှောက်ထားသူ အိမ်ထောင်စု(၁၀၀)ကျော် ရှိကြောင်း၊ ပြောင်းရွှေ့လာသူများကလည်း အပလုံကျေးရွာ၊ ချောင်းဆုံကျေးရွာ၊ ကျွန်းချောင်းကျေးရွာ၊ မြွေပုံကျေးရွာနှင့် ဘုရားသုံးဆူတွင် နေထိုင်ကြပြီး မြေယာ မရှိသောသူများ ဖြစ်ကြောင်း၊ KNU ငြိမ်းချမ်းရေးအဖွဲ့ အနေနှင့် အပစ်အခတ် ရပ်စဲပြီး နောက်ပြန်လည်နေရာချထားရေးလုပ်ငန်းများ အပြင်လူထုများအတွက်
ကျန်းမာရေး၊ပညာရေးများကိုပါကူညီထောက်ပံ့ပေးရန်လိုအပ်သည့်အတွက် နီးစပ်ရာ ကူညီစောင့်ရှောက်သော အသင်းအဖွဲ့များ၊ ပြည်နယ်အစိုးရအဖွဲ့မှ တစ်ဆင့်အကူအညီရရှိရန် ကြိုးစားနေကြောင်း၊လက်ရှိတွင်လည်းပြည်နယ် အစိုးရအဖွဲ့ကစစ်ဘေးကြောင့်ထွက်ပြေးတိမ်းရှောင်နေရသူများအတွက်
ဆန်ရရှိရန် အကူအညီ ပေးမှုများရှိကြောင်း ထပ်မံပြောကြားခဲ့သည်။

လက်ရှိ ဇီးပင်ရွာတွင် မြေနေရာရရှိရန် အတွက်လာရောက်လျှောက်ထားသူများသည် အပလုံကျေးရွာ၊ ချောင်းဆုံကျေးရွာ၊ ကျွန်းချောင်းကျေးရွာ၊ မြွေပုံကျေးရွာနှင့် ဘုရားသုံးဆူတွင် နေထိုင်ကြပြီးမြေယာအပိုင်မရှိသူများဖြစ်ကြောင်း သတင်းရှိသည်။

SkyNet TV Browser