Home » » အမေရိကန်နှင့် ဆွေးနွေးရန် မြောက်ကိုရီးယား ကမ်းလှမ်း

အမေရိကန်နှင့် ဆွေးနွေးရန် မြောက်ကိုရီးယား ကမ်းလှမ်း

Written By Unknown on Monday, June 17, 2013 | 1:11 PM

မြောက်ကိုရီးယားအစိုးရက အမေရိကန်နဲ့ နျူကလီးယားအရေးနဲ့ လုံခြုံရေးကိစ္စတွေ တွေ့ဆုံ ဆွေးနွေးဖို့ ကမ်းလှမ်းလိုက်ပါတယ်။

တောင်ကိုရီးယားနဲ့ အဆင့်မြင့်အရာရှိတွေ တွေ့ဆုံဖို့ ပျက်ပြားသွားပြီးတဲ့နောက်မှာ အခုလို ကမ်းလှမ်းလိုက်တာလည်း ဖြစ်ပါတယ်။

တင်းမာမှုတွေ လျော့ကျဖို့နဲ့ ကိုရီးယားစစ်ပွဲ အဆုံးသတ်ဖို့အတွက် ငြိမ်းချမ်းရေးစာချုပ်ဆိုင်ရာတွေ ဆွေးနွေးဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းဦးဆောင်တဲ့ အမျိုးသားကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

တင်းမာမှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် နိုင်ငံတကာရဲ့ အလျော့ပေးချက်တွေရဖို့အတွက် မြောက်ကိုးရီးယားက ဆွေးနွေးပွဲကို စိတ်ဝင်စားတယ်ဆိုတဲ့ အနေအထားကို ပြသလာတာ လို့ လေ့လာသူတွေက ပြောပါတယ်။ ဇွန် ၁၄ ရက်နေ့မှာ အမေရိကန်က ပြုံးယမ်းနဲ့ ပြောဆိုဖို့အတွက် ငြင်းပယ်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဒီဇင်ဘာလက မြောက်ကိုရီးယားရဲ့ တာဝေးဒုံးနဲ့ ဖေဖော်ဝါရီလက နျူကလီးယား စမ်းသပ်မှုတွေနောက်ပိုင်း တွေ့ဆုံဆွေးနွေးဖို့အတွက် ရှားပါးတဲ့ ကမ်းလှမ်းချက်တခုလည်း ဖြစ်ပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ စစ်ရေးလေ့ကျင့်မှုကြောင့် ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယားစစ်ပွဲ ဖြစ်လာနိုင်တယ်လို့ မြောက်ကိုးရီးယားက ပြောဆိုခဲ့ပါတယ်။ ဒါပေမယ် မေနဲ့ ဇွန်မှာ ပြုံးယမ်းက တောင်ကိုရီးယားနဲ့ အမေရိကန်တို့နဲ့ တွေဆုံဆွေးနွေးဖို့ လုပ်ဆောင်လာတဲ့ အတွက် တင်းမာမှုတွေ လျော့ကျခဲ့ပါတယ်။

by ဒီဗွီဘီ