Home » » ၈၈ ကျောင်းသားများ ဗြိတိန်ခရီးစဉ် ယနေ့စမည်

၈၈ ကျောင်းသားများ ဗြိတိန်ခရီးစဉ် ယနေ့စမည်

Written By Unknown on Monday, June 17, 2013 | 5:46 PM

အမေရိကန်ပြည်ထောင်စုမှ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြန်လည်ရောက်ရှိ လာသော ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း (၈၈မျိုးဆက်ကျောင်းသားများ) အဖွဲ့ဝင် ရှစ်ဦးသည် ဗြိတိန်နိုင်ငံသို့ ယနေ့ ဇွန်လ ၁၇ရက် သွားရောက်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းရုံးထံမှ သိရသည်။

၈၈ မျိုးဆက် ခေါင်းဆောင်များသည် ဗြိတိန်နိုင်ငံတွင် ဇွန်လ ၁၇ရက်နေ့မှ ဇွန်လ ၂၅ ရက်နေ့ အထိ ရှစ်ရက်ကြာ သွားရောက်မည်ဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ ခရီးစဉ်တွင် ဗြိတိန်ဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်များ ၊ ဗြိတိန် အစိုးရ ဝန်ထမ်း အဖွဲ့အစည်း၏ အကြီးအကဲ Edward Llewellyn တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးအံ့ဘွယ်ကျော်က ပြောကြားသည်။

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင် များဖြစ်သော ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမင်းဇေယျာ၊ ဦးဌေးကြွယ်၊ ဦးမြအေး၊ ဦးမာကီး၊ ဒေါ်မီးမီးနှင့် ဒေါ်နီလာသိန်းတို့ ပါဝင်မည့် ယင်းခရီးစဉ် အတွင်း ဗြိတိန်အစိုးရ တာဝန်ရှိသူများ၊ ဗြိတိန် လွှတ်တော်နှင့် ဓနသဟာယရုံး မှ တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ၈၈ ခေါင်းဆောင်များက ရှင်းပြသည်။

၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ရှစ်ဦးသည် ဗြိတိန်နိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင်များ၊ ဗြိတိန် တက္ကသိုလ် ကျောင်းသားများ၊ ဗြိတိန်ရောက် မြန်မာမိသားစုများနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း ဦးအံ့ဘွယ်ကျော်က ဆိုသည်။

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီး၊ ဦးမင်းကိုနိုင်နှင့် ဦးဂျင်မီတို့သည် မေလ ၁၅ ရက်နေ့မှ ဇွန်လ ၁၂ ရက်နေ့အထိ ကိုရီးယားနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုသို့ သွားရောက် ခဲ့ပြီး ဦးမြအေး ဦးဆောင်သည့် အဖွဲ့ဝင် လေးဦးသည် ဇွန်လ ၅ ရက်နေ့မှ ဇွန်လ ၁၁ ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အသီးသီး သွားရောက်ခဲ့သည်။

The Voice Weekly