Home » » လယ်ယာမြေ ဧက ၅၀,၀၀၀ ပြန်ပေးမည်ဆိုသောသတင်းမမှန်

လယ်ယာမြေ ဧက ၅၀,၀၀၀ ပြန်ပေးမည်ဆိုသောသတင်းမမှန်

Written By Unknown on Sunday, June 9, 2013 | 12:24 AM

ဇွန်လ၆ရက်နေ့တွင် ပြည်ပသတင်းဌာနတွင် ဖော်ပြခဲ့သည့် မက်စ်မြန်မာ ဦးဇော်ဇော်ရရှိထားသော လယ်ဧက ငါးသောင်းကျော် ပြန်ပေးမည် ဆိုသောသတင်းမှာ မှားယွင်းမှုတစ်ခုသာဖြစ်ကြောင်း မက်စ်မြန်မာကုမ္ပဏီများ အုပ်စု၏ ဖေ့ဘွတ်ခ်တွင် ဖော်ပြထားသည်။

သတင်းအမှန်မှာ မက်စ်မြန်မာကုမ္ပဏီအနေဖြင့် ၂၀၀၁-၀၂ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့နယ်ခွဲ ချောင်းသာ ကျေးရွာအုပ်စု ကွင်းအမှတ် ၁,၉၉၀ ရှိ လယ်ယာမြေ ၅၄ ဒသမ ၂၉ ဧကကို တစ်ဧကလျှင် ကျပ် ၄၅,၀၀၀နှုန်းသီးစားပင်များအလိုက် လျော်ကြေးငွေ
များပေးလျော်ခဲ့ပြီး ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းများပြုလုပ်ရန် လန ၃၉ လျောက်ထား၍ လုပ်ပိုင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

ထိုသို့လုပ်ကိုင်နေစဉ် ဦးဇော်ဇော် ကိုယ်တိုင်မှ ဧရာဝတီ တိုင်းရင်းသား လုပ်ငန်းရှင်တစ်ဦးဖြစ်သဖြင့် ဒေသခံ လယ်သမားတို့ဘ၀ကို စာနာနားလည်သောအားဖြင့်လည်းကောင်း၊ ၎င်းအနေဖြင့် နိုင်ငံတော်၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကိစ္စအ၀၀တို့တွင် ထောက်ပံ့နေသောသူတစ်ယောက်ဖြစ်သည့်အပြင် မူလလုပ်ကိုင်ခဲ့သော ဒေသခံ လယ်သမားတို့ဘက်မှလည်း ၎င်းင်းတို့ စားဝတ်နေရေးတွင် အခက်အခဲရှိသဖြင့် ပြန်လည်ရယူလုပ်ကိုင် စားသောက်လိုကြောင်း တင်ပြလာသည့်အပေါ် မက်စ်မြန်မာကုမ္ပဏီဘက်ကလည်း ယင်းတို့ပိုင်ဆိုင်သည့် ရေငန်ပုစွန်မွေးမြူရန် လုပ်ပိုင်ခွင့် လန ၃၉ ရရှိထားသော ဧရိယာ ၅၀ ဒသမ ၂၉ ဧကကို မူလလယ်သမား ၂၁ ဦးထံသို့ တရားဝင်ပြန်လည်ပေးအပ်ရန်အတွက် လိုအပ်သလို ဆောင်ရွက်ပေးပါရန် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုစုံစမ်းရေး ကော်မရှင်နှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရထံသို့ ၂၀၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က စာဖြင့်တရားဝင်လွှဲပြောင်းအပ်နှံထား ပြီးဖြစ်ကြောင်း မက်စ်မြန်မာကုမ္ပဏီ၏
တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။

ဂျူးမေဇင် - The Farmer Media