Home » » နတ်မောက်မှာ ၁၀ တန် အောင်ချက်ရာနှုံး မနှစ်ကထက် မြင့်တက်ဟုဆို

နတ်မောက်မှာ ၁၀ တန် အောင်ချက်ရာနှုံး မနှစ်ကထက် မြင့်တက်ဟုဆို

Written By Unknown on Sunday, June 9, 2013 | 12:40 AM

နတ်မောက် ဇွန် ၈ ရက်

တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာ၇င်းများကိုဇွန်လ ၈ ရက်နေ့တွင်နိုင်ငံတဝှမ်းထုတ်ပြန်ခဲ့၇ာ နတ်မောက်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့်မြို့နယ်ပညာေ၇းမှူးရုံးတို့မှ လာသောကိန်းဂဏန်းများအရ ယခုနှစ်တွင် မနှစ်က ထက်အောင်ချက်ရာနှုံး ၆.၉၂ ၇ာခိုင်နှုံးမြင့်တက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပညာရေးမှူးရုံးမှထုတ်ပြန်ထားသောစာရင်းဇယားများအရ နတ်မောက်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေး ပွဲအတွက် စာရင်းရှိကျား ၁ဝ၇၅ဦး၊မ ၁ဝ၇၂ဦးစုစုပေါင်း၂၁၄၇ဦးတို့ဖြစ်ပြီး၊ဖြေဆိုသူကျား ၁ဝဝ၈ ဦး၊မ ၁ဝ၄၅ဦး၊ စုစုပေါင်း  ၂ဝ၅၃ဦးတို့ဖြေဆိုခဲ့ကြသည့်အနက် ကျား၄၁၅ဦး၊မ ၄၆၂ဦး၊စုစုပေါင်း ၈၇၇ဦးတို့အောင်မြင်ကြသည်ကိုတွေ့ရသည်။

အောင်ချက်ထူးချွန်စာရင်းများအ၇ငါးဘာသာဂုဏ်ထူးရှင်(၁)ဦး၊လေးဘာသာဂုဏ်ထူးရှင်(၅)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၈)ဦး၊နှစ်ဘာသာဂုဏ်ထူးရှင်(၂ဝ)ဦးနှင့်တစ်ဘာသာဂုဏ်ထူးရှင်(၅၅)ဦးတို့ ထူးချွန်စွာဖြေဆိုအောင်မြင်ကြသည်။ဘာသာ၇ပ် များအလိုက် မြန်မာစာဂုဏ်ထူးရှင်(၃)ဦး၊အင်္ဂလိပ်စာဂုဏ်ထူးရှင်(၇)ဦး၊သင်္ချာ၈ုဏ်ထူးရှင်(၂၈)ဦး၊ဓာတု(၁ဝ)ဦး၊ရူပ(၄၅)ဦး၊ဇီဝ (၁၆)ဦး၊သမိုင်း(၃)ဦးနှင့်ဘောဂ(၃ဝ)ဦးတို့ဖြစ်ကာဘာသာ၇ပ်များအလိုက်ဂုဏ်ထူးရှင်(၈၉)ဦးပေါ်ထွက်ခဲ့သည်။

အောင်ချက်ရာနှုံးများအရ၂ဝ၁၁/၁၂ပညာသင်နှစ်တွင်(၃၅.၈)၇ာခိုင်နှုံးသာအောင်မြင်ခဲ့ရာမှ ပြီးခဲ့သော ၂ဝ၁၂/၁၃ ပညာသင်နှစ်တွင်မူ အောင်ချက်ရာနှုံး(၄၂.၇၂)၇ာခိုင်နှုံးအဆင့်အထိမြင့်တက်လာခဲ့သည်ကိုတွေ့ရသည်။နတ်မောက်တစ်မြို့ နယ်လုံးတွင် အထူးချွန်ဆုံး ငါးဘာသာဂုဏ်ထူးရှင်မှာ မောင်နေမင်းဦး(ဘ)ဦးကျော်မြင့်၊ဒီးဒုတ်ခင်ရွာဖြစ်ပြီး နတ်မောက် အထက(၁)မှဖြေဆိုအောင်မြင်ခဲ့ကြောင်းသိရသည်။

အဓိပတိဘွား
by Myanmar News Now