Home » » အထက (၃) မန္တလေး နွားနို့ထဲ အဆိပ်ခတ်တိုက်သည်ဟု ကောလာဟလထွက်

အထက (၃) မန္တလေး နွားနို့ထဲ အဆိပ်ခတ်တိုက်သည်ဟု ကောလာဟလထွက်

Written By Unknown on Saturday, June 22, 2013 | 8:18 PM

မန္တလေး၊ ဇွန် ၁၉

ကျောင်းမီးရှို့ခံရမည်ဟု ယခုလ ပထမပတ်အတွင်း ကောလာဟလများ ထွက်ပေါ်ခဲ့ဖူးသည့် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် စကြာနွယ်စဉ် ရပ်ကွက် ၇၆၊ (၃၅x၃၆) လမ်းကြားရှိ အထက (၃) ကျောင်းတွင် ဇွန်လ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီအချိန်က ကျောင်းသားများကို နွားနို့ တိုက်ကျွေးရာတွင် အဆိပ်ခတ် တိုက်ကျွေးသည်ဟု ကောလာဟလ သတင်းများ ထွက်ပေါ်လာခဲ့ကြောင်း မန္တလေးမြို့ ဒေသခံအချို့က ပြောကြားသည်။

နွားနို့ထဲတွင် အဆိပ်ခတ် တိုက်ကျွေးသည်ဟု ကောလာဟလ သတင်းများ ထွက်ပေါ်လာပြီးနောက် ကျောင်းသားမိဘ ၂၅ ဦးခန့် ရောက်ရှိလာသဖြင့် ကျောင်းဆရာမများက တွေ့ဆုံကာ ကောလာဟလ သတင်းများသာ ဖြစ်သည်ဟု ရှင်းလင်း ပြောဆိုခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“ကျောင်းသားတွေကို အာဟာရ တိုက်ကျွေးတာ၊ နွားနို့ထဲမှာ အဆိပ် ထည့်ထားတယ်လို့ ကြားတော့ ကလေးကို သွားခေါ်လိုက်တယ်။ ကျောင်းကတော့ မဟုတ်ဘူးဆိုတာ ပြောပြပါတယ်” ဟု ကျောင်းသား မိဘတစ်ဦးက ပြောကြားသည်။

အဆိုပါ ကျောင်းသည် ဇွန်လ ၅ ရက်နေ့တွင် ကျောင်းကို မီးရှို့မည်ဟု ကောလာဟလ သတင်းများ ထွက်ပေါ်လာပြီးနောက် ကျောင်သားမိဘ အချို့က ကျောင်းသားများကို လာရောက် ခေါ်ယူခြင်းများ ဖြစ်ပွားခဲ့သည့် ကျောင်းဖြစ်သည်။

The Voice Weekly