Home » » မိုးကုတ်- မန္တလေးကားလမ်း လမ်းပိတ်ဆို့မှု့ဖြစ်ပွား

မိုးကုတ်- မန္တလေးကားလမ်း လမ်းပိတ်ဆို့မှု့ဖြစ်ပွား

Written By Unknown on Saturday, June 22, 2013 | 8:26 PM

၂၂/၆/၂၀၁၃ ရက်နေ့တွင် မန္တလေး - မိုးကုတ် လမ်း မိုင်တိုင်အမှတ် (၁၀၁) ၃ ဖာလုံ နှင့် ၄ ဖာလုံ အကြား မိုးကုတ်မြို့နယ်အပိုင် ကင်းတံတားကြီး ကျေးရွာအနီး တွင် လမ်းပိတ်ဆို့မှု့တစ်ခု ဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ ကတ္တရာလမ်းပေါ် မြေသားများတင်နေရ်ျ ၄င်းမြေသားများမှာ မိုးရွာချသောအခါ ရွံ့နွံများဖြစ်ပေါ်ပြီး ကားများ ဖြတ်မောင်းသော အခါတွင် စလစ်ဖြစ်ခြင်း ကားဘီးချော်ပြီး တစ်ပတ် လည်သွားခြင်း တစ်စီးနှင့် တစ်စီး ပူးယှဉ်သွားခြင်းတို့ကြောင့် လမ်းပိတ်ဆို့မှု့ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။

မိုင်တိုင်အမှတ် (၁၀၁) အနီးတစ်ဝိုက်မှာ ဘက်ဟိုးများဖြင့် လမ်းဧရိယာ ချဲ့ထွင်နေတဲ့ အချိန်ပါ ။ "ဒီလိုအချိန် မှာမှ  မိုးရွာချလိုက်တော့ ကျွန်တော်တို့ဒုက္ခရောက်ပြီပေါ့" ဟု ကုန်တင်ကားသမားဦးမှဆိုသည်။

ပိတ်မိနေသော ယာဉ်တန်းများတွင် ဟိုင်းလပ်ခရီးသည်တင် ယာဉ်ပါသလို ဟိုက်အေ့ နှင့်ကုန်တင်ကားများ လည်းပါဝင်သည်။ ပရိုဘောက် ပါဂျဲရိုး နှင့် ဗင် လူစီးကားအချို့များမှာ ပြင်ဦးလွင် ဘက်မှ လှည့်မောင်းသွားခဲ့ ကြကြောင်း စုံစမ်းသိရှိခဲ့ရသည်။

အခုကာလဟာ မိုးဦးကျ ကာလပါ ဒီရှေ့မိုးကလဲ အမြဲရွာလာတော့မှာ ဖြစ်သလို လမ်းချဲ့ထွင်ရန် တာဝန်ယူ ထားသူတွေကလည်း သူတို့တာဝန်သူတို့ဆက်လက်ဆောင်ရွက်နေကြမှာ ဖြစ်ပါတယ်။ ဒီတော့ယနေ့လို ဖြစ်ရပ်မျိုး မိုးတွင်းကာလ တစ်လျှောက်လုံး ကြုံတွေ့ကြရတော့မှာမို့ သက်ဆိုင်ရာဌာန တွေအနေနဲ့ ကူညီဖြေရှင်း ပေးနိုင်မယ်ဆိုရင် အခုလိုလမ်းပိတ်ဆို့မှု့ဟာ အချိန်တစ်ခဏ  အတွင်းမှာဘဲ ပြေလည်သွားနိုင်ပါတယ်ဟု အသက် ၄၀ အရွယ် အမျိုးသား ခရီးသွားတစ်ဦးမှ ဆိုသည်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ အတွင်းမှာလည်း သပိတ်ကျင်းမြို့နယ်အပိုင် အမှတ် ၁၁၆ တပ် အနီးတစ်ဝိုက်တွင် တောင်ပြိုကျမှု့များကြောင့် လမ်းပိတ်ခဲ့ဘူးသည်။
                                                                                                             
စိမ်းခက်

by Myanmar News Now