Home » » ပဲခူး ဟိုင်းလတ်ကားများ အမိုး ကဒ်ခြံ များ ခြရသဖြင့် ခရီးသည်များ အခက်တွေ့

ပဲခူး ဟိုင်းလတ်ကားများ အမိုး ကဒ်ခြံ များ ခြရသဖြင့် ခရီးသည်များ အခက်တွေ့

Written By Unknown on Thursday, June 6, 2013 | 6:40 AM

ရန်ကုန်တိုင်း ဒေသကြီး ပိုဆောင် ဆက်သွယ်ရေး(ပို့ဆက်)မှ  ပဲခူတိုင်းဒေသကြီး အတွင်းရှိ ဟိုင်းလတ်ကား အမိုး ကဒ်ခြံများ ဖြုတ်ချ ဖို့ ညွန်ကြားထား ပါတယ်။

အဆိုပါ ညွန်းကြားချက် အရ တချို့ကားတွေက ခြပါတယ်၊  တချိုကားတွေက မခြပါဘူး။  ကဒ်ခြံခြရသဖြင့် လတ်တလော အခတ်တွေ့နေတာက ပြည်သူတွေပဲ ဖြစ်တဲ့ အကြောင်း ပဲခူးမြို့ ခံတွေက ပြောပါတယ်။

ပဲခူး ဈေးရှေ့ မင်းလမ်း ဟိုင်းလတ်ကားတွေ ဂိတ်ထိုးတဲ့ မှတ်တိုင်မှာ ဈေးထုတ်ကြီးတွေနဲ့ စောင့်နေတဲ့ အိမ်ရှင်မှတွေဟာ အမိုး ကဒ်ခြံပါတဲ့ ကားကို မြှော်နေရပါတယ်။ ကဒ်ခြံပါလာတဲ့ကားကြတော့လဲဈေး မတားရား ဈေးတောင်းတယ်လို့ ဆိုပါတယ်။

အိမ်ရှင်မ တဦး၏ အဆိုအရ ကျွှန်မ ဒီမှာ စောင့်နေတာ၂နာရီလောက်ရှိပြီဟု ဆိုပါသည်။ ဘယ်ကားမှ ကဒ်မပါလာဘူး၊  ကျွန်မ ဈေးထုတ်တွေကလည်း များတယ်လေ ဟု ပြောပါသည်။

ညောင်းအင်းကို စက်ရုံသွားတဲ့အမျိုသမီးတဦးကလည်း ယခင်က ၁၀၀ကျပ်ပေးရတဲ့လမ်းကို ယခု၂၀၀ကျပ် ပေးရတယ်ဟု ဆိုပါသည်။ ဘာဖြစ်လို့ဟုစပါယ်ယာကိုမေးတော့ ကဒ်တွေခြရလို့ဟု ပြန်ဖြေပါသည်။

ကားအမိုး ကဒ်ခြံတွေ ခြရတဲ့ အတွက် ကျောင်းသား ရဟန်းရှင် ပြည်သူပေါင်းလည်း အခက်တွေ့စေပါတယ်။ ပဲခူး၊ ညောင်လေးပင်၊ ကျိုက်ထို ၊ ရှိသမျှ ကားအားလုံး အကုန်ခြရတာပါ။ နယ်မြို့ များဖြစစ်တဲ့အတွက်ကြောင့်  မရှိဆင်းရဲသား အောက်ခြေ လူတန်းစားတွေဟာ ခရီးသွားရန် ဟိုင်းလတ်ကားကိုပဲ မှီခို အားထားရဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီ(ပိုဆက်)၏ ညွနှ်ကြားချက်ကို ပြင်ဆင်သင့်ကြောင်း ပဲခူးမြို့ ပတ်ဝန်းကျင်က ခရီးသွားပြည်သူတွေက ပြောပါသည်။

မောင်အေး(ပဲခူး)

by Myanmar News Now