Home » » ကလေး သေဆုံးမှုနဲ့ အာဟာရ ပြဿနာ

ကလေး သေဆုံးမှုနဲ့ အာဟာရ ပြဿနာ

Written By Unknown on Thursday, June 6, 2013 | 6:08 AM

၅ နှစ်အောက် ကလေး သူငယ် သေဆုံးမှု ထက်ဝက် နီးပါးရဲ့ အကြောင်း ရင်းခံက အာဟာရ ခိျု့တဲ့မှု ဖြစ်တယ်လို့ Lancet ဆေးပညာ ဂျာနယ်က ကနေ့ ထုတ်ပြန် တဲ့ လေ့လာ တွေ့ရှိချက် အရ သိရပါတယ်။

သေဆုံးမှု အရေအတွက် များပြား လာနေတယ် လို့လဲ သိရပါတယ်။

နှစ်စဉ် ကလေး ၃ သန်းကျော် အာဟာရ ခိျု့တဲ့မှု ကြောင့် သေဆုံး နေကြပြီး အများစုက အာဖရိကနဲ့ အာရှက ဖြစ်ကြတယ်လို့ ဒီ အစီရင်ခံစာ က ဖော်ပြပါတယ်။

ဒီသီတင်းပတ် အကုန်မှာ ကျင်းပမယ့် အာဟာရ ကိစ္စ ဆိုင်ရာ နိုင်ငံတကာ အစည်းအဝေး မတိုင်ခင် ဒီအစီရင်ခံစာ ကို ထုတ်ပြန် ခဲ့တာ ဖြစ်ပြီး ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဒီအစည်းအဝေးမှာ သဘာပတိ အဖြစ် ကြီးမှူး ကျင်းပဖို့ ရှိပါတယ်။

အာဟာရ ခိျု့တဲ့မှု တိုက်ဖျက်ရေး အတွက် ချမ်းသာတဲ့ နိုင်ငံ အစိုးရ တွေက တနှစ်ကို ဒေါ်လာ သန်း တထောင် ပိုမို လှူဒါန်းကြဖို့လဲ တိုက်တွန်း နှိုးဆော် နေကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)