Home » » ရဲ နှင့် စစ်တပ်သိမ်းလယ်တွင် ထွန်တုံးတိုက်ပွဲဝင် နတ်တလင်းလယ်သမားတို့ သတိပေးခံရ

ရဲ နှင့် စစ်တပ်သိမ်းလယ်တွင် ထွန်တုံးတိုက်ပွဲဝင် နတ်တလင်းလယ်သမားတို့ သတိပေးခံရ

Written By Unknown on Friday, June 14, 2013 | 9:02 AM

နတ်တလင်းမြို့နယ်အတွင်းရှိ ရဲစခန်းနှင့် စစ်တပ်မှသိမ်းထားသည်ဟုဆိုသော လယ် ၁၂၁ ဧကကို ပြန်လည် ရရှိရန် ထွန်တုံးတိုက်ကြသည့် လယ်သမားများအား တရားမဝင်သောကြောင့် ရပ်တန့်ပေးရန် ကျေးရွာအုပ် ချုပ်ရေးမှူးမှ သတိပေးစာပေးခဲ့ကြောင်း ထွန်တုံးတိုက် လယ်သမားများက ဇွန်လ ၁၂ ရက်က မဇ္ဈိမသို့ ပြောသည်။

ထွန်တုံးတိုက်ခြင်းကို ဇွန်လ ၁ဝ ရက်မှ စတင်ခဲ့ပြီးနောက် ၃ ရက်မြောက်တွင် ကျေး ရွာအုပ်ချုပ်ရေးမှူး ဦးခင်ဇော်က သတိပေးစာပို့ခဲ့ခြင်းလည်းဖြစ်ပြီး လယ်သမားများ အနေဖြင့်လည်း လယ်ပြန်ရရန်အထိ ဆက်လက်လုပ် ဆောင်ကြရန်ဆန္ဒရှိနေကြသည်။

အဆိုပါစာတွင် လယ်သမားများ ယခုကဲ့သို့ လုပ်ဆောင်နေခြင်းမှာ တရားမဝင်သည့်အတွက် ရပ်တန့်ပေးရန် ပထမဆုံးအကြိမ် အထူးသတိပေးလိုက်သည်ဟု ပါရှိကြောင်း ၎င်း လယ်သမားများအရေးကို လုပ်ဆောင်ပေးနေသည့် ဦးဖိုးအေးက မဇ္ဈိမသို့ လယ်သမား ၅၄ ဦးပိုင်ဆိုင်သော လယ် ၁၂၁ ဧကကို ၁၉၉၅ ခုနှစ်တွင် နတ်တလင်းရဲစခန်းက ၃၈ ဧကနှင့် တပ်မ ၆၆ စစ်တပ်က ၈၃ဧကကို သိမ်းယူခဲ့ပြီး ၁၉၉၆ ခုနှစ်မှစပြီး တစ်ဧကလျှင် ၂၁ နှုန်းဖြင့် သီးစားပေးကာ ပြန်လည်စိုက်ပျိုး ခဲ့ရသည်ဟု လယ်သမားများက ပြောသည်။

''အဲဒီလယ်တွေက တစ်ဧကကို ၄၅ တင်းလောက်ပဲထွက်တာလေ။ သူတို့ကို ၂၁ တင်းပေးရတော့ ဘာကျန်တော့မလဲ။ သားသမီးတွေ ကျောင်းမထားနိုင်တာတွေအထိတောင် ဖြစ်တယ်'' ဟု လယ်သိမ်းခံရသည့် လယ်သမားကြီး ဦးဌေးဝင်းက မဇ္ဈိမသို့ ပြောသည်။

ထိုလယ်များမှာ တစ်နှစ်လျှင် မိုးစပါးနှင့် ဆောင်းပဲသီးနှံ နှစ်မျိုးစိုက်ပျိုးရသော လယ်အမျိုးအစားများဖြစ်ပြီး ပဲသီးနှံတွင်လည်း တစ်ဧကလျှင် တစ်တင်းနှုန်း သီးစားပေးရသည်ဟု လယ်သမားများက ပြောဆိုခဲ့သည်။

သိမ်းဆည်းခံရသည့်လယ်များမှာ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အတွင်းရှိ သာယာကုန်းရွာ၊ ပဲမခမ်းရွာ၊ လက်ပံပြင်းရွာနှင့် ဆောင်းငန်းကြီးရွာမှ လယ်သမားများပိုင်သည့် လယ်များဖြစ်သည်။

မင်းမင်း
by Mizzima - News in Burmese