Home » » စကားများရန်ဖြစ်ကာဓါးဖြင့်ထိုးသူရဲတပ်ဖွဲ့ဝင်အားအရေးယူ

စကားများရန်ဖြစ်ကာဓါးဖြင့်ထိုးသူရဲတပ်ဖွဲ့ဝင်အားအရေးယူ

Written By Unknown on Tuesday, June 11, 2013 | 5:10 PM

၉.၆.၂၀၁၃ ရက်နေ့ ၁၇၀၀ အချိန် ဒဂုံမြောက်မြို့နယ်နေ မောင်ရှိုင်းမင်းလတ်သည် သူငယ်ချင်းများ နှင့်အတူ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင် အတွင်းရှိ ရေလွှာလျှောစီး ကစားကွင်းသို့ ရောက်ရှိကစားစဉ် သူငယ်ချင်းဖြစ်သူ မောင်မျိုးမင်းဇော်အား ရဲတပ်သားဇင်မင်းသူ (ရန်ကုန်တိုင်း ဒေသကြီး အကူတပ်ခွဲ)မှ ဓါးဖြင့် ထိုးသွားကြောင်း သူငယ်ချင်းဖြစ်သူ မောင်ကိုကိုနိုင်မှ ပြောပြသိရှိရပြီး မျိုးမင်းဇော်တွင် ၀မ်းဗိုက်ဝဲဘက်ပြတ်ရှဒဏ်ရာ(၁)ချက် ရရှိသဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ) အဖြစ်ကုသရသောကြောင့် မောင်မျိုးမင်းဇော်အား ဓါးဖြင့်ထိုးသူ ရဲတပ်သားဇင်မင်းသူအပေါ် အရေးယူ
ပေးပါရန် မောင်ရှိုင်းမင်းလတ်မှတရားလိုပြုလုပ် တိုင်တန်းသဖြင့် ဒဂုံမြို့မရဲစခန်း (ပ)၁၂၉/၂၀၁၃၊ပြစ်မှုပုဒ်မ ၃၂၆ အရ အမှုဖွင့်အရေးယူဆောင်ရွက် လျှက်ရှိပါသည်။

ရဲတပ်သား ဇင်မင်းသူသည် ရန်ကုန်တိုင်း ဒေသကြီး အကူတပ်ခွဲ၊ အသင့်တပ်စုမှ ၎င်း၏ ဆန္ဒသဘော အလျောက်ပြင်ပသို့ထွက်ခွါသွားပြီး ပြည်သူ့ရင်ပြင်တွင် အရက်သောက်စားကာ တစ်ဖက်မှအရက်သောက်စား ထားသူများနှင့် စကားများပြီး ဓါးဖြင့်ထိုးခဲ့သဖြင့် ရဲတပ်သား ဇင်မင်းသူအား ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် အရေးယူ ထားရှိသည့် အပြင် တပ်ဖွဲ့ဝင်ဖြစ်၍ တာဝန်ချိန်မဟုတ်သည့်အချိန်
ပြစ်မှုကျူးလွန်သဖြင့် ရဲစည်းကမ်း ဥပဒေအရလည်း အရေးယူပြီး ဒဂုံမြို့မ ရဲစခန်းတွင်ချုပ်နှောင်ထားရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန် ထားပါသည်။