Home » » မလေးပြန်မြန်မာများအတွက် အဲပုဂံလေကြောင်းမှာ အခမဲ့စီးနိုင်ပြီး နယ်ပြန်နိုင်

မလေးပြန်မြန်မာများအတွက် အဲပုဂံလေကြောင်းမှာ အခမဲ့စီးနိုင်ပြီး နယ်ပြန်နိုင်

Written By Unknown on Tuesday, June 11, 2013 | 4:54 PM

အဲပုဂံက မလေးရှားရောက်မြန်မာများ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပါက သက်ဆိုင်ရာဒေသများသို့ သွားရောက်နိုင်ရန်အတွက် အဲပုဂံလေကြောင်းလိုင်းများတွင် အခမဲ့စီးနင်းခွင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

“ကျမတို့က International လေကြောင်းလိုင်းမဟုတ်တဲ့အတွက် သူတို့ ပြန်လာမှာကို သွားခေါ်လို့မရပါဘူး ၊ ဒါပေမယ့် မလေးရှားကိုရောက်နေတဲ့ မြန်မာတွေမှာ နယ်တွေက များတဲ့အတွက် သူတို့ ပြန်ရင် အဆင်ပြေအောင် ကျမတို့  အဲပုဂံ ပြည်တွင်း  လေကြောင်းလိုင်းမှာ အခမဲ့ စီးနင်းခွင့်ပြုသွားမှာပါ  ” ဟု အဲပုဂံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော မြန်မာများအနေဖြင့် အဲပုဂံ လေကြောင်းလိုင်း PR ဌာန (ဖုန်း- ၅၀၄၂၈၄ ) သို့ ဆက်သွယ်နိုင်ကြောင်းသိရသည်။

မလေးရှားရောက်ဗမာများပြန် လာနိုင်ရေးအတွက် ထူးဖောင်ဒေးရှင်းက ကနဦးဒေါ်လာ ၁သိန်းလှုဒါန်းမည်ဖြစ်ကြောင်းသိရသည်။

ဒါအပြင် မလေးရှားမှ ပြန်ရောက်လာမည့် မြန်မာများအတွက် အဲပုဂံက အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးသွားမည် ဖြစ်ကြောင်း သိရသည်။ “သူတို့အနေနဲ့ အလုပ်လက်မဲ့ မဖြစ်ရလေအောင် အဲပုဂံ နဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေမှာ အလုပ်ခန့်ထားနိုင်အောင် ဆောင်ရွက်ပေးသွားပါမယ် ၊ သူတို့အနေနဲ့ အလုပ်လျှောက်တယ်ဆိုတာနဲ့ အလုပ်ခန့် နိုင်အောင် ဦးစားပေးစဉ်းစားပေးသွားမှာဖြစ်ပါတယ်”ဟု အဲပုဂံမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

Yangon Media Group