Home » » လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် သို့ ဒေါ်အောင်ဆန်းစုကြည်မှ စာလွှာပေးပို့

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော် သို့ ဒေါ်အောင်ဆန်းစုကြည်မှ စာလွှာပေးပို့

Written By Unknown on Sunday, June 16, 2013 | 4:19 AM

ရန်ကုန် ဇွန် ၊ ၁၅ ရက်

ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော စာလွှာမှာ

"" ရုပ်ရှင် ဆိုပေါ်တာမကြာသေးပေမဲ့ ပရိတ်သတ်ကို ဆွဲဆောင်နိုင်ဆုံး လူထုအမြောက်အများကို အလွှမ်းမိုးနိုင်ဆုံး အချိန်တိုအတွင်းမှာ အောင်မြင်တဲ့ အနုပညာတစ်ရပ် ဖြစ်လာတာ မဆန်းပါဘူး။ရုပ်ရှင် နည်းပညာဟာ လူထုဖျော်ဖြေရေး အနုပညာတစ်ရပ်ဖြစ်လို့ ယဉ်ကျေးမှု သဘော အရသာမက
လူဘောင်လောက အပေါ် လူမှု ရေး၊စီးပွားရေး နိုင်ငံရေးအရပါ သက်ရောက်မှုတွေ ရှိလာတာလည်း သိသာ ထင်ရှားပါတယ်။

အဲဒါကြောင့် ရုပ်ရှင် အနုပညာသည်တွေဟာ လူဘောင်လောကရဲ့ ခေတ်ပြောင်း စနစ်ပြောင်း၊အရေးကြီးတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်နိုင်ကြပါတယ်။ပါလည်းပါဝင် ခဲ့ကြပါတယ်။

အခုလို ကျမတို့ တိုင်းပြည်ရဲ့ အချိုး အကွေ့ အပြောင်းအလဲအတွက် တာဆူနေတဲ့ အချိန်မှာ ဒီမိုကရေစီ အကြောင်း လူ့အခွင့် အရေးနဲ့ လူသားတွေရဲ့ ဂုဏ်သိက္ခာ အကြောင်းကို သာမန်လူထု အတွင်း ထိုးထွင်းသိရှိ နားလည်ဖို့ အနုပညာရှင် များရဲ့ စွမ်းဆောင်ရည်ဟာ ပိုလို့တောင်အရေးကြီးလာပါတယ်။

တိုးတက်လာတဲ့ နည်းပညာရဲ့ ကျေးဇူးနဲ့ ကျမတို့ရဲ့ သတင်းစကားတွေဟာ လူထုဆီလျင်မြန်စွာ ရောက်ရှိ လာနိုင်မည် ဖြစ်ပါတယ်။လူသားတွေရဲ့ဂုဏ်သိက္ခာကို ထိပါးစေတဲ့အပြုအမူတွေ၊အားထုတ်ကြိုးပမ်းမှုတွေ ၊ကြိုတင်ကြံစည်မှုတွေ ဟာဒီခေတ်မှာ ဖုံးဖိထားလို့ မရတော့ဘူး။ကျမတို့ဟာ လူ့ဂုဏ်သိက္ခာနဲ့ အညီ နေနိုင်ဖို့ လူ့အခွင့် အရေးကိုလည်းတာဝန်သိသိနဲ့ ထိန်းသိမ်းကာကွယ် စောင့်ေ၇ှာက်တက်ဖို့ လူ့အခွင့် အရေးလူ့ဂုဏ်သိက္ခာ ဆုံးရှုံးသွားခဲ့ ရင်လည်း စနစ်တကျ ပြန်လည် ရယူနိုင်
အောင် ကြိုးပမ်းအားထုတ်သွားရမှာ ဖြစ်ပါတယ်။နိုင်ငံတကာရုပ်ရှင် ပွဲတော်တွေဟာ ကြိုးပမ်းအားထုတ်မှုတွေအတွက် အလွန်ပဲ အထောက်အပံ့ ဖြစ်စေတယ်လို့ထင်မြင်မိပါတယ်။

ဒါကြောင့် ဒီပွဲတော်ကြီး ဖြစ်မြောက်အောင် ကမကထ လုပ်ကြသူတွေ ၊၀ိုင်းဝန်းကြသူတွေ။ပါဝင်အားပေးကြသူတွေ ကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။" " ဟု ဖြစ်သည်။

လူ့အခွင့်အရေး၊လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ယနေ့ညနေ ၆ နာရီ အချိန်တွင် ရန်ကုန်မြို့ရှိ နေပြည်တော် အဆင့် မြင့် ရုပ်ရှင်ရုံတွင် ဖွင့်လှစ် ပြသခဲ့ကာ ဒေါ်အောင်ဆန်းစုကြည် က
၎င်းကိုယ်တိုင် တက်ရောက်နိုင်ခြင်းမရှိသောကြောင့် အခန်းအနားအဖွင့်တွင် ကိုယ်စားတစ်ဦးမှ အထက်ပါအတိုင်း တက်ရောက်ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

Popular Myanmar News Journal