Home » » မလေးရှားရဲ ပြောသော လူသတ်မှု

မလေးရှားရဲ ပြောသော လူသတ်မှု

Written By Unknown on Wednesday, June 12, 2013 | 3:19 PM

အင်ဒိုနီးရှားနိုင်ငံစီအိုင်ဒီရဲတပ် ဖွဲ့မှအကြီးတန်းရဲတပ်ဖွဲ့မှူး မိုဟဒ် အဒ္ဒနန်အဗ္ဗဒူလာက သီးခြားလူသတ် မှု ကျူးလွန်ထားသူ တင်မောင်သန်း (၃၆)နှစ်၊ မျိုးထွန်း(၃၃)နှစ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ပါးမန်(၃ဝ) နှစ်တို့ကို လူသတ်မှုဖြင့် အလိုရှိ ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်ဟုသိရသည်။

တင်မောင်သန်းသည် တစ်ခန်း တည်းနေ အသက်(၂၄)နှစ် အရွယ် လုပ်ဖော်ကိုင်ဖက် အဲကွန်းပြင်ဆင်သူ ကို ဧပြီ ၂၆ရက်က ဆူဘန်ဂျာယာ၌ ဓားဖြင့်ထိုးသတ်ပြီး တိမ်းရှောင်နေ သည်ဆိုသည်။ မျိုးထွန်းကလည်း ဆွန်ဂိုင်ဘူလိုမြို့၌ မေ ၇ ရက်တွင် အသက်(၃၇)နှစ်အရွယ် သံမဏိ စက်ရုံဝန်ထမ်းလုပ်ဖော်ကိုင်ဖက်နှင့် ရန်ဖြစ်အပြီး၌ လူသတ်မှုကျူးလွန်ပြီး တိမ်းရှောင်သွားသည်။ တစ်ဖန် ဂျာလန်ဘီဆာဆာရီ ကမ္ဘာဂန်မြို့၌ ပါးမန်က သူငှားရမ်းနေထိုင်သော အိမ်ရှေ့၌ပင် ကုန်စိမ်းသည် အင်ဒို နီးရှားအမျိုးသမီးကို ဓားဖြင့်ထိုးသတ် လျက်တိမ်းရှောင်သွား၏ဟု သိရ သည်။ ထိုနှစ်ဦးသည် အိမ်ထောင် ဖက်လည်းဖြစ်နိုင်သလို ချစ်သူများ လည်းဖြစ်နိုင်၏ဟု ရဲမှူးက ပြော သည်။ အမှုများကို ရာဇသတ်ကြီး ပုဒ်မ-၃ဝ၂ဖြင့် အမှုဖွင့်ထားပြီး ပြစ်မှု ထင်ရှားပါက သေဒဏ်အထိကျခံရ ဖွယ်ဖြစ်၏ဟု သိရသည်။

The Golden Fresh Land Daily Newspaper