Home » » မြန်မာအချင်းချင်း မလေးမှာ တိုက်ခိုက်တာတွေ ရပ်တန့်ဖို့ မလေးရှားအစိုးရပြော

မြန်မာအချင်းချင်း မလေးမှာ တိုက်ခိုက်တာတွေ ရပ်တန့်ဖို့ မလေးရှားအစိုးရပြော

Written By Unknown on Friday, June 14, 2013 | 11:00 AM

မလေးရှားနိုင်ငံရဲ့ ​မြို့တော် ​ကွာလာလမ်ပူမြို့ပြင်မှာ ​မြန်မာနိုင်ငံကလာတဲ့ ​လူတွေအချင်းချင်းကြား ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခတွေနဲ့ ​သေဆုံးမှုတွေဖြစ်ခဲ့ပြီးနောက် ​တစ်ဖွဲ့နဲတစ်ဖွဲ့ကြား ​တိုက်ခိုက်မှုတွေ ​ရပ်တန့်ဖို့ ​မလေးရှားအစိုးရက ​မြန်မာနိုင်ငံသားတွေကို ​သတိပေးလိုက်ပါတယ်။

လွန်ခဲ့တဲ့ ​သ ​တင်း ​ပတ် ​နှစ်ပတ် ​အတွင်း ​မြန်မာနိုင်ငံကလာတဲ့ ​လူတွေအချင်းချင်းကြား ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခက ​အနည်းဆုံး ​၇ ​ကြိမ်ရှိခဲ့ပြီး ​သေဆုံးမှုတွေလည်း ​ရှိခဲ့ပါတယ်။

 သေဆုံးသူတွေက ​မွတ်စလင်လူမျိုးတွေ ​မဟုတ်ဘူးဆိုတာကိုလည်း ​မလေးရှားနိုင်ငံ ​ပြည်ထဲရေးဝန်ကြီးက ​အတည်ပြု ​ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခကို ​မလေးရှားနိုင်ငံအထိ ​သယ်ဆောင် ​လာကြတာဖြစ်တယ်လို့  ​မြန်မာနိုင်ငံက ​ဒုဝန်ကြီးတွေနဲ့ ​တွေ့ဆုံစဉ်မှာ ​မလေးရှားပြည်ထဲရေးရာ ​ဝန်ကြီးက ​ပြောပါတယ်။ ​အဲဒီမတိုင်ခင် ​မြန်မာနိုင်ငံမှာ ​ဖြစ်ခဲ့တဲ့ ​ပြဿနာကို ​မြန်မာနိုင်ငံထဲမှာပဲ ​ထားရှိဖို့ ​သတိပေးပြောဆိုခဲ့ဖူးပါတယ်။

မလေးရှားနိုင်ငံ ​အစိုးရနဲ့ ​တွေ့ဆုံခဲ့တဲ့ ​မြန်မာ ​ဒုနိုင်ငံခြားရေးဝန်ကြီး ​ဦးဇင်ယော်ကလည်း ​မလေးရှားနိုင်ငံမှာ ​ဖြစ်ခဲ့တဲ့ ​အကြမ်းဖက်မှုတွေဟာ ​ဘာသာရေးပဋိပက္ခကြောင့်ဖြစ်တာမဟုတ်ပဲ ​မြန်မာနိုင်ငံက ​လူဆိုးဂိုဏ်းတွေအကြား ​ဖြစ်ခဲ့တဲ့ ​ပြဿနာဖြစ်တယ်လို့ ​ပြောကြောင်း ​ကျိုဒိုးသတင်းမှာ ​ဖော်ပြထားပါတယ်။

ဒီလို ​အခြေအနေကြောင့် ​မလေးရှားနိုင်ငံကို ​ရောက်ရှိနေတဲ့ ​မြန်မာနိုင်ငံသားတွေကို ​ကာကွယ်စောင့်ရှောက်ပေးဖို့ ​မြန်မာဝန်ကြီးက ​မလေးရှားဝန်ကြီးကို ​တောင်းဆိုထားပြီး ​မြန်မာနိုင်ငံသားတချို့ ​ပြည်တော်ပြန်ဖို့ ​ဆန္ဒရှိတဲ့အတွက် ​အမြန်ဆုံးပြန်နိုင်အောင် ​စီစဉ်ပေးနိုင်မယ်လို့လည်း ​ဦးဇင်ယော်က ​ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခကြောင့် ​မလေးရှားအစိုးရက ​ဖမ်းဆီးထိန်းသိမ်းမှုတွေလုပ်ခဲ့ပြီး ​တရားဝင်နေထိုင်ခွင့်လက်မှတ်မရှိတဲ့ ​မြန်မာနိုင်ငံသား ​၂၅၀ ​ကို ​ထိန်းသိမ်းထားပါတယ်။ ​မလေးရှားနိုင်ငံမှာ ​အလုပ်လုပ်နေတဲ့ ​မြန်မာနိုင်ငံသား ​နှစ်သိန်းခွဲကျော်ရှိပြီး ​အဲဒီထဲက ​တစ်ဝက်လောက်ဟာ ​တရားမဝင်နေထိုင်သူတွေ ​ဖြစ်ကြတယ်လို့လည်း ​သိရပါတယ်။

ကုလသမဂ္ဂရဲ့အဆိုအရ ​မလေးရှားနိုင်ငံမှာ ​ဒုက္ခသည်ဦးရေ ​တစ်သိန်းကျော်ရှိပြီး ​အဲဒီထဲမှာ ​မြန်မာနိုင်ငံသား ​ကိုးသောင်းကျော် ​ပါဝင်တယ်လို့ ​ဆိုပါတယ်။

ဒုက္ခသည်အဖြစ် ​တရားဝင် ​အသိအမှတ်ပြုခံထားရတဲ့ ​မြန်မာနိုင်ငံသားတွေထဲမှာ ​သုံးသောင်းကျော်က ​ချင်းလူမျိုး၊ ​သုံးသောင်းနီးပါးက ​ရိုဟင်ဂျာတွေဖြစ်ကြပြီး ​တစ်သောင်းကျော်ကတော့ ​မြန်မာမွတ်စလင်တွေ ​ဖြစ်ပါတယ်။

အဲဒါ့အပြင် ​ရခိုင်ဒုက္ခသည်တွေက ​ခုနှစ်ထောင်ကျော်ရှိပြီး ​မွန်လူမျိုးက ​၃၄၀၀ ​ကျော်နဲ့ ​တခြားလူမျိုး ​အနည်းငယ်စီ ​ပါဝင်တယ်လို့လည်း ​သိရပါတယ်။

ABC Radio Australia