Home » » ဒေါ်လာဈေးနှင့်အတူ အခြေခံစားသောက်ကုန်တချို့ဈေးတက်လာ

ဒေါ်လာဈေးနှင့်အတူ အခြေခံစားသောက်ကုန်တချို့ဈေးတက်လာ

Written By Unknown on Wednesday, June 12, 2013 | 4:28 PM

ဒေါ်လာဈေးတက်လာခြင်းနှင့်အတူ အခြေခံစားသောက်ကုန်တချို့ ဈေးတက် လာကြောင်း သင်္ဃန်းကျွန်းမြို့နယ်၊ စံပြ ငမိုးရိပ်ဈေးမှသိရသည်။

ဇွန်လ(၁၀)ရက်နေ့တွင် အမေရိကန်ဒေါ်လာဈေး(၉၄၆)ကျပ် ပေါက်ခဲ့ရာတွင် ဒေါ်လာဈေး တက်လာခြင်းနှင့်အတူ အခြေခံ စားသောက်ကုန်များ ဖြစ်သော ဆန်၊ ဆီအစရှိများသည် ကျပ်(၅၀၀)မှ (၁၀၀၀)နီးပါးအထိ ဈေးတက်သွားကြောင်း သိရသည်။

“ဒေါ်လာဈေးတွေ မြင့်တက်လာလို့ ပြည်ပက တင်သွင်းလာတဲ့စက် သုံးဆီဈေးမြင့်တက်သွား ရတာဖြစ်ပြီး ဒါနဲ့ဆက်စပ်တဲ့ ကုန်တင်ခတွေမြင့်တက်သွားတဲ့ အတွက်အခြေခံစား သောက်ကုန်တွေဈေးတက်သွား ရတာဖြစ်ပါတယ်”ဟု စံပြငမိုးရိပ်ဈေးမှ ဈေးရောင်းသူတစ်ဦး၏ ပြောပြချက်အရ သိရ
သည်။

ဇွန်လ(၁၁)ရက်နေ့တွင် စံပြ ငမိုးရိပ်ဈေးရှိ အခြေခံ စားသောက်ကုန်များ ဖြစ်သော ဆန်ကြမ်းဇီယာကျပ်(၈၀၀)၊ ဆင်းသွယ်ရှယ်ကျပ်(၉၀၀)၊ ရွှေဘို ပေါ်ဆန်းမွှေးကျပ် (၁၆၀၀)၊ အာလူးကျပ်(၁၂၀၀)၊ ဂျင်းကျပ်(၂၀၀၀)၊ စားအုန်းဆီကျပ်(၁၆၀၀)၊ ပဲရောဆီကျပ်(၂၅၀၀)ပေါက်ဈေးရှိနေ၍ အာလူးနှင့် ဂျင်းဈေးနှုန်းမှာ (၂)ဆနီးပါးမြင့်တက်သွားသလို ကုန်ဈေးနှုန်းများသည်လည်း (၁၀၀)ကျပ်မှကျပ်(၂၀၀)အထိ ဈေးတက်သွားကြောင်း သိရသည်။

ထို့ပြင်အ များပြည်သူတို့ အဓိကစားသုံးသော ငါးမြစ်ချင်း၊ ငါးကြင်းတို့၏ ဈေးနှုန်းသည်လည်း ငါးမြစ်ချင်းတစ်ပိဿာကျပ်(၂၅၀၀)သည် ယခုကျပ်(၃၅၀၀)၊ ငါးကြင်း တစ်ပိဿာ(၄၀၀၀)ကျပ်မှ ယခုကျပ်(၆၀၀၀)အထိ ဈေးတက်သွားကြောင်း သိရသည်။

ယခုလိုကုန်ဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ အမေရိကန် ဒေါ်လာငွေလဲနှုန်း မြှင့်တက်လာမှု၊ စားသောက်ကုန် ရောင်းလိုအားနှင့် ၀ယ်လိုအားမျှတမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

အမေရိကန်ဒေါ်လာငွေလဲနှုန်းသည် (၂)လအတွင်း ယခင်ကကျပ်(၈၅၀) ၀န်းကျင်မှ ယခုကျပ်(၉၅၀)နီးပါးမြင့်တက်လာကြောင်း သိရသည်။

SkyNet TV Browser