Home » » ပြင်ဦးလွင်ခရိုင် တကောင်းမြို့နယ်ခွဲတွင် ဖြစ်ပေါ်သော ကောလဟလအပေါ် တည်ငြိမ်အေးချမ်းစွာ ထိန်းသိမ်းနိုင်ခဲ့

ပြင်ဦးလွင်ခရိုင် တကောင်းမြို့နယ်ခွဲတွင် ဖြစ်ပေါ်သော ကောလဟလအပေါ် တည်ငြိမ်အေးချမ်းစွာ ထိန်းသိမ်းနိုင်ခဲ့

Written By Unknown on Saturday, June 22, 2013 | 9:44 PM

မန္တလး ဇွန် -  ၂၁ ။             ။မန္တလးတိုင်း ဒေသကြီး ပြင်ဦးလွင်ခရိုင် တကောင်းမြို့နယ်ခွဲ တကောင်း အထကတွင် ဇွန် ၂၁ရက် နံနက် ၁ဝနာရီက မဟုတ်မမှန်လုပ်ကြံ ဖန်တီးသော ကောလာဟလသ တင်းကြောင့် မိဘများနှင့် အရပ် သားများ ကျောင်းသို့ စုရုံးရောက် ရှိလာရာ တာဝန်ရှိသူများနှင့် ကျောင်းအုပ်ကြီးတို့မှ ကျောင်း အတွင်း၌ မည်သည့်ပြဿနာမှ ဖြစ်ပွားခြင်းမရှိကြောင်းနှင့် ကျောင်း ဝင်းအတွင်းသို့ မည်သူ့ကိုမှအဝင် မခံကြောင်းပြောပြရာ လူစုကွဲ သွားခဲ့သည်။

အဆိုပါ လူစုထဲမှ လူတခိျု့ သည် အဆိုပါ ရပ်ကွက်ရှိ ကြက် သားရောင်းသူဦးချစ်ကို၏ နေအိမ် အား အကာထရံ၊ ခြံစည်းရိုးနှင့် မော်တော်ဆိုင်ကယ်နှစ်စီးတို့ အား ရိုက်ချိုးဖျက်ဆီးခြင်း၊ ဦးစံသိန်း ပိုင် မြို့မေတ္တာကုန်စုံဆိုင်မှပစ္စည်း များ၊ ဦးချစ်တင် ပိုင်ရိုးရိုးလေး လက်ဖက်ရည်ဆိုင်၊ ကိုဇော်လင်း ပိုင် လူသုံးကုန်ပစ္စည်းအရောင်း ဆိုင်တို့အားဖျက်ဆီးခဲ့ရာ တာဝန် ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များထိန်းသိမ်းမှုကြောင့် နံနက် ၁၁နာရီ ၄၅မိနစ်ခန့်တွင် လူစု ကွဲသွား ခဲ့သည်။

အဆိုပါ ဖြစ်စဉ်သည် မဟုတ် မမှန်လုပ်ကြံဖန်တီးသော ကော လာဟလသတင်းကြောင့် လူစုမိ ရာမှဆက်လက်ဖြစ်ပွားခဲ့ခြင်းဖြစ် ၍ တာဝန်ရှိသူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ တည်ငြိမ်အေး ချမ်းစွာထိန်းသိမ်းမှုကြောင့် ယခု အခါ တည်ငြိမ်အေးချမ်းလျက် ရှိကြောင်း သိရသည်။

မန်းကိုကို - Yangon Media Group