Home » » မူးယစ်ပြေးတရားခံ ရွှေနု ကို ထိုင်းရဲက ဖမ်းဆီးပြန်ပို့

မူးယစ်ပြေးတရားခံ ရွှေနု ကို ထိုင်းရဲက ဖမ်းဆီးပြန်ပို့

Written By Unknown on Saturday, June 22, 2013 | 9:20 PM

ရန်ကုန်   ဇွန်  - ၂၁   ။         

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထား သော မြန်မာနိုင်ငံသား မူးယစ် ဆေးဝါးရောင်းဝယ်ဖောက်ကား သူတစ်ဦးအား ထိုင်းအစိုးရက ဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ ပေးလိုက်ကြောင်း သိရသည်။

 ထိုသတင်း ကို ဇွန်၂၁ရက် က ဘန်ကောက်ပို့စ် သတင်းစာ အွန်လိုင်းသတင်းအဖြစ် ဖော်ပြ ခဲ့ခြင်းဖြစ်ပြီး ပြန်အပို့ခံရသူမှာ ရှမ်းပြည်နယ်တွင်နေထိုင်သူ ရွှေ နုဆိုသူဖြစ်ကြောင်း သိရသည်။

ဇွန် ၂၁ရက်က ထိုအခြေ အနေကို ထိုင်းရဲတပ်ဖွဲ့က ဘန် ကောက်တွင် သတင်းစာရှင်းလင်း ပွဲကျင်းပသတင်းပေးခဲ့ပြီး အသက် ၄၆နှစ်အရွယ်အမျိုးသား ရွှေနု အား ထုတ်ပြခဲ့သည်။

ရှမ်းပြည်နယ်အတွင်းရှိ ရွှေနု အိမ်တွင် ပြီးခဲ့သည့်နှစ်က မီသမ် အဖက်တမင်း ဆေးပြားတစ်သိန်း ခုနစ်သောင်း တစ်ထောင်ကို မြန် မာနိုင်ငံ မူးယစ်ရဲတပ်ဖွဲ့က သိမ်း ဆည်းမိခဲ့ပြီးနောက် သူ့ကို ဖမ်း ဝရမ်းထုတ်ခဲ့သည်။

ရွှေနုကို ထိုင်းရဲတပ်ဖွဲ့က မြန်မာနိုင်ငံ မူးယစ်ရဲတပ်ဖွဲ့၏ မေတ္တာရပ်ခံချက်အရ ဘန်ကောက် မြို့၌ ဇွန် ၂ရက်တွင် ဖမ်းဆီးမိ ခဲ့ခြင်းဖြစ်သည်။

''ရွှေနုဟာ ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအ လုပ်သမားတွေဆီ ဆေးပြားတွေ ဖြန့်နေတဲ့ အဓိကဖြန့်ဖြူးသူလို့ ယုံကြည်ရတယ်''ဟု ထိုင်းနိုင်ငံ မူး ယစ်ရဲချုပ် ရဲမှူးချုပ်ပွန်ဆာပက် ပွန်ချယွန်က ပြောသည်။ ရွှေနု အနေဖြင့် ထိုင်း ဥပဒေအရ အရေးယူရမည်ဆိုသော် လည်း မြန်မာနိုင်ငံသို့ အရင်ပို့ပြီး မြန်မာနိုင်ငံဥပဒေအရ အရင်ဆုံး အရေးယူ အပြစ်ပေးစေမည်ဟု ထိုင်းရဲကပြောသည်။ ''တကယ်လို့ သူ ထောင် အနှစ်၂၀ ကျတယ်ဆိုပါစို့။ အဲဒါ ကျပြီး ရင် ကျွန်တော် တို့ က သူ့ကို ဒီပြန်ပို့ပေးဖို့ပြောမယ်။ တစ်သက် တစ်ကျွန်းဆိုရင်တော့ အဲဒါမေ့ ပစ်လိုက်တော့မယ်''ဟု ရဲချုပ်က ဆက်ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံဖြတ်ကျော်မှ ရဲမှူးကြီးတစ် ဦးက ''မြန်မာနိုင်ငံမှာ မူးယစ်ဥ ပဒေနဲ့ ပြစ်ဒဏ်ကျခံရမယ်။ တရားရုံးမှာ မကြာမီစစ်ဆေးတော့ မှာပါ။ ထိုင်းရဲနဲ့ မြန်မာနိုင်ငံရဲ တပ်ဖွဲ့တွေက မိတ်ဖက်တွေပါ။တရားခံ လွှဲပြောင်း ပေးလိုက် တာ။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ လဲ သူတို့နိုင်ငံနဲ့ပတ်သက်တဲ့ကိစ္စ တွေကို အကူအညီပေးခဲ့တာတွေ အများကြီးရှိတယ်။ မကြာသေး မီကလဲ ထိုင်းမှာ လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းရဲနဲ့ မြန်မာ ရဲ ပူးပေါင်းပြီး ကယ်တင် နိုင်ခဲ့တယ်''ပြောသည်။

တရားခံရွှေနုမှာ မြန်မာ နိုင်ငံတွင် စိတ်ကြွရူးသွပ်ဆေးပြား များ ကုန်ကူးသူအဖြစ် ဖမ်းဝရမ်း ထုတ်ထားသူဖြစ်ပြီး ရွှေနုကို ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိကာ ထိုင်းရဲများက မြန်မာ နိုင်ငံ သို့ ဇွန် ၂၁ရက်က ပြန်လည်ပို့ဆောင် လိုက်ကြောင်းသိရသည်။

ထိုင်း လူဝင်မှုကြီးကြပ်ရေး မှတ်တမ်းများအရ သူသည် လွန် ခဲ့သောနှစ်များအတွင်း ထိုင်း နိုင်ငံအတွင်းသို့ ၁၉ကြိမ် ဝင်ရောက် ခဲ့ကြောင်း သိရသည်။

ညီလတ်
Yangon Media Group