Home » » ဒေါ်လာတစ်သန်းခွဲဖိုး ကျန်းမာရေးသုံးပစ္စည်းများ ရခိုင်ပြည်နယ်ရှိဒုက္ခသည် များကို ထောက်ပံ့မည်

ဒေါ်လာတစ်သန်းခွဲဖိုး ကျန်းမာရေးသုံးပစ္စည်းများ ရခိုင်ပြည်နယ်ရှိဒုက္ခသည် များကို ထောက်ပံ့မည်

Written By Unknown on Wednesday, June 5, 2013 | 4:07 PM

မိုးရာသီအတွက် လိုအပ်သော အမေရိကန်ဒေါ်လာ တစ်သန်းခွဲဖိုးရှိ ကျန်းမာရေးသုံး ပစ္စည်းများကို သြစတြေးလျအစိုးရက ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဇွန်လ ၄ ရက်နေ့က တရားဝင် ထုတ်ပြန်သည်။ ထောက်ပံ့ပစ္စည်းများတွင် ခြင်ထောင် အလုံး ၈၀၀၀ ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံး ပစ္စည်းများနှင့် ယင်လုံအိမ်သာ ၂၀၀၀ တို့ပါဝင်ပြီး အဆိုပါ ပစ္စည်းများကို ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) မှတစ်ဆင့် ပေးဝေသွားမည်ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Mr. Bob Carr က ပြောကြားသည်။

“ဒီအချိန်မှာ ကာလဝမ်းရောဂါလို ဝမ်းပျက်ဝမ်းလျှောက အဓိက အန္တရာယ် ဖြစ်တယ်” ဟု ၎င်းက ပြောဆိုသည်။

ထို့အပြင် သြစတြေးလျနိုင်ငံ အနေနှင့် လက်နက်ကိုင်နှင့် အခြား ပဋိပက္ခဖြစ်ပွားရာ ဒေသများအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးမှု များနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် ကူညီသွားရန် ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။

သြစတြေးလျနိုင်ငံသည် ယခင်နှစ် ရခိုင်ပြည်နယ် ပဋိပက္ခများကြောင့် ရှောင် တိမ်း ထွက်ပြေးနေရသော ဒုက္ခသည်များအတွက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၇၉ သန်း ပံ့ပိုးပေးထားကြောင်း ထုတ်ပြန်ထားသည်။

The Voice Weekly