Home » » ၀မ်းတွင်းမြို့ ထွန်တုံးတိုက်ပွဲဝင် တောင်သူတွေကို တရားစွဲပြီ

ဝမ်းတွင်းမြို့ ထွန်တုံးတိုက်ပွဲဝင် တောင်သူတွေကို တရားစွဲပြီ

Written By Unknown on Monday, June 24, 2013 | 5:20 AM

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင် ၀မ်းတွင်းမြို့နယ် တောင်ကြီးကုန်း ကြိုးဝိုင်း စည်တီးစိုက်ကွင်း
တွင်ရှိနေသော ဘိုးဘွားများ ခုတ်ထွင် ရှင်းလင်းခဲ့ပြီး လယ်ယာလုပ်ခဲ့သော မြေများကို ပြန်လည်ရယူ
လိုကြသော ကျေးလက်နေ တောင်သူများသည် ဒေါ်သန္တာအောင်နှင့်အဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုကို
ခံယူပြီး စက်မှုသီးနှံဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိမ်းယူထားသော လယ်ယာမြေများကို(၁၃-၅-၂၀၁၃)နေ့
မှာ ထွန်တုံးချ ပြန်လည်ထွန်ယက်ခဲ့ပါတယ်။

(၁၇-၅-၂၀၁၃)နေ့အထိ လေးရက်ကြာ ယာမြေ(၂၅)ဧက ပေါ်တွင် ထွန်ယက်ခါ  နှမ်းကြဲစိုက်ပျိုးခဲ့ကြတယ်လို့တရားလိုလုပ်သူ ဦးကျော်အေး(၈/တတကနိုင် ၀၉၇၉၅၇)ဘ-ဦးညီခင်  မှ ၀မ်းတွင်းမြို့ရဲစခန်းတွင် အမှုတိုင်တန်းခဲ့ပါတယ်။

စခန်းမှူးဒု-ရဲမှူးမောင်မောင်အောင်မှ အမှုစစ် ပြုလုပ်ပြီး (ပ)၆၈/၂၀၁၃ပြစ်မှု ပုဒ်မ၄၄၇အရ အမှုဖွင့်အရေးယူဆောင် ရွက်တယ်လို့ သိရှိပါတယ်။

အမှုဖွင့် အရေးယူခံရသော တောင်သူများမှာ ဦးငြိမ်းမောင်(၅၇နှစ်) ကမ်းပါးနီကျေးရွာ ၊ ရွာငံမြို့နယ်၊ ဦးအောင်ဆန်း(၅၅နှစ်)ဘ-ဦးထွန်းရှိန်၊ ကျောက်အိုးကျေးရွာ၊ ၀မ်းတွင်းမြို့၊ ဦးကြည်မြ(၅၅နှစ်)ဘ-ဦးထွန်းဝင်း၊ ကျောက်အိုးကျေးရွာ၊ ၀မ်းတွင်းမြို့၊ ဦးကြည်လှ(၆၅နှစ်) ဘ-ဦးထွန်းဝင်း ကျောက်အိုးကျေးရွာ၊ ၀မ်းတွင်းမြို့၊ ဦးကျော်သင်း(၅၂နှစ်)ဘ-ဦးအောင်သိန်းကြွယ် ကန်ကျေးရွာ၊ ၀မ်းတွင်းမြို့၊ ဦးသောင်းညွှန့်(၆၀နှစ်)ဘ-ဦးမြသောင်း ကျောက်အိုးကျေးရွာ ၀မ်းတွင်းမြို့၊ ဦးဇော်လွင်(၄၅နှစ်)ဘ-ဦးအောင်ချစ် ကုက္ကိုပင်ကျေးရွာ ၀မ်းတွင်းမြို့၊ ဦးကျော်ဝင်း(၆၀နှစ်)ဘ-ဦးအောင်ညွှန့်ကျောက်အိုးကျေးရွာဝမ်းတွင်းမြို့၊ ဦးကျော်မှန်း(၃၇နှစ်)ဘ-ဦးဘေလုံးကျောက်အိုး ကျေးရွာဝမ်းတွင်းမြို့၊ ဦးကျော်သိန်း(၆၅နှစ်)ဘ-ဦးမွှေးကျောက်အိုးကျေးရွာ၊ ၀မ်းတွင်းမြို့၊ ဦးပွဲကျော် (၆၇နှစ်)ဘ-ဦးဖိုးဆား၊ဆုံကုန်းကျေးရွာ၊၀မ်းတွင်းမြို့၊ဦးကျော်မြင့်(၆၀နှစ်)ဘ-ဦးခါးတက်ကျောက်အိုး ကျေးရွာ၊ ၀မ်းတွင်းမြို့၊ ဦးတက်ထွန်း(၇၃နှစ်)ဘ-ဦးလေးလူဆုံကုန်းကျေးရွာဝမ်းတွင်းမြို့(၁၃)ဦးတရားစွဲဆို ခံထားရပါတယ်။

ကျေးလက်နေ တောင်သူတွေအနေနဲ့ တတ်သိ နားလည်ခြင်း အားနည်းချက် ကြီးမားနေပြီး ၊ ဦးဆောင်သူတွေရဲ့ ခေါ်ဆောင်ရာနောက် ပါခဲ့ရ ခြင်းဖြစ်ကြောင်း၊ အုပ်ချုပ်သူတွေအနေနဲ့ ချဉ်းကပ်စည်းရုံး နားလည်အောင် ပြောပြ ပေါင်းစပ်ညှိနိုင်း လုပ်ဆောင်မှုမရှိခဲ့ပါပဲ တဆိတ်ရှိ တရားစွဲမယ်အရေးယူမယ်ဆိုတဲ့ စကားလုံးကို ရေလဲသုံးနေခဲ့ ခြင်းဖြင့် ပြသာနာမပြီးသလို တောင်သူတွေ ဒုက္ခရောက်ပြီး နစ်နာနေရတယ်လို့ ထွန်တုံးတိုက်ပွဲမှာ ပါဝင်တဲ့ တောင်သူတွေက Myanmar News Now ကိုပြောပါတယ်။

by Myanmar News Now