Home » » သေဆုံးကျွဲသားစားရာမှ ရွာသူ/သားများ ဒေါင့်သန်းရောဂါဖြစ်ပွား

သေဆုံးကျွဲသားစားရာမှ ရွာသူ/သားများ ဒေါင့်သန်းရောဂါဖြစ်ပွား

Written By Unknown on Thursday, June 13, 2013 | 2:42 PM

၁-၆-၂၀၁၃ ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ခုန်ဆင့်ကျေးရွာနေ ဦးဖိုးသီ (၅၉)နှစ်ပိုင်ကျွဲ(၁)ကောင် ရုတ်တရက်သေဆုံးသွားသဖြင့် အသားဖျက်ပြီး ခုန်ဆင့်ရွာနှင့်နောင်ပေါင် ရွာသူ/သား(၁၇၅)ဦးတို့မှ စားသုံးခဲ့သည်။

၎-၆-၂၀၁၃ ရက်နေ့တွင် ခုန်ဆင့်ရွာနှင့် နောင်ပေါင်ရွာသား (၁၀)ဦးတွင် ခန္ဓာကိုယ်၌အနာစက်များဖြစ်လာသောကြောင့် ဗန်းမော်ပြည်သူ့ဆေးရုံသို့ တက်ရောက် ကုသခဲ့သဖြင့် ၈-၆-၂၀၁၃ ရက်နေ့တွင် မိုးမောက်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ ပါဝင်သည့်ပူးပေါင်းအဖွဲ့မှ ခုန်ဆင့်ရွာနှင့်နောင်ပေါင်ရွာတို့သို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ဒေါင့်သန်း ရောဂါသံသယကြောင့် အနာစက်များဖြစ်ပွားရကြောင်းတွေ့ရှိ၍ ကျွဲသားရေအားမီးရှို့ဖျက်ဆီးခြင်း၊ ကျွဲသားစားမိသူ(၁၇၅)ဦးအား ကြိုတင်ကာကွယ်ဆေးတိုက်ကျွေးခြင်း၊ ခုန်ဆင့်ရွာနှင့်နောင်ပေါင်ရွာမှ ရွာသူ/သား(၂၁၈)ဦးအား ကျွဲ/နွားရောဂါနှင့်ကူးစက်တတ်ခြင်းအကြောင်း အသိပညာပေးဟောပြော ခြင်းများဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ ၉-၆-၂၀၁၃ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ကျွဲပိုင်ရှင် ဦးဖိုးသီ၏ ကျွဲကလေး(၁)ကောင်၊ နွား(၃)ကောင်နှင့် ပတ်ဝန်းကျင်ရှိ ကျွဲ/နွား(၂၇)ကောင် တို့အားကာကွယ်ဆေးထိုးပေးခဲ့ပြီး နောင်ပေါင်ရွာနှင့်ခုန်ဆင့်ရွာတို့မှ ကျွဲသားစားသူများအား ထပ်မံ စစ်ဆေးရာ ရွာသူ/သား(၁၀)ဦးခန့်တွင် ရောဂါလက္ခဏာများတွေ့ရှိရသဖြင့် ဗန်းမော်ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသပေးခဲ့သည်။

ထို့ပြင် ၁၀-၆-၂၀၁၃ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ခုန်ဆင့် ကျေးရွာရှိ ကျွဲ(၂၁)ကောင်၊ နွား(၄၈)ကောင်နှင့်နောင်ပေါင်ကျေးရွာရှိ ကျွဲ(၃၀)ကောင်၊ နွား(၅၄)ကောင်၊ စုစုပေါင်း(၁၅၃)ကောင်တို့အား ဒေါင့်သန်းကာကွယ်ဆေးများထိုးပေးခဲ့ပြီး နောင်ပေါင်ကျေးရွာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သြဘငူန ဃူငညငခ ဖွင့်လှစ်၍ မန်နောင်(ပင်မ)ကျေးလက်ကျန်းမာရေး ဌာနနှင့်ပူးပေါင်းကာ ရောဂါရှာဖွေကုသခြင်း၊ ရောဂါရှိ/မရှိစောင့်ကြပ်ကြည့်ရှုခြင်း၊ လူနာသစ်ရှိ/မရှိ ရှာဖွေစစ်ဆေးခြင်း၊ ကျန်းမာရေးပညာပေးခြင်းများဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည် (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ )