Home » » ရန်ကုန်မြို့ မလေးရှား သံရုံး အရှေ့ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မည်

ရန်ကုန်မြို့ မလေးရှား သံရုံး အရှေ့ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မည်

Written By Unknown on Thursday, June 13, 2013 | 3:00 PM

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအား ဥပဒေမဲ့ အနိုင်အထက် ပြုကျင့် သတ်ဖြတ်ခံနေရခြင်းများအား ကန့်ကွက်သည့် အနေဖြင့် လာမည့် ဇွန်လ ၁၅ ရက် မနက် ၁၀ နာရီ မိနစ် သုံးဆယ်မှ ၁၁ နာရီ အထိ မြန်မာနိုင်ငံ ရန်ကုန်မြို့ မလေးရှား သံရုံး အရှေ့ လမ်းတဖက်ခြမ်းတွင် ယဉ်ကျေး တည်ငြိမ်းချမ်းစွာဖြင့် ဘာသာပေါင်းစုံ စုပေါင်း ပါဝင်သော နိုင်ငံသား ပြည်သူ့ ဆန္ဒ ဖေါ်ထုတ်ပွဲတွင် ( မလေးရှား နိုင်ငံရောက် အခြားသော နိုင်ငံခြားများ အားလုံး တန်းတူ မိမိတို့ မြန်မာ နိုင်ငံသားများကို လုံခြုံစွာ ကာကွယ်စောင့်ရှောက်ပေးပါရန် ပန်ကြားတောင်းဆိုပါသည် ) ဆိုသည့် စာတမ်းများ ကိုင်ဆောင်ကာ ( မိမိတို့ မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက် လူငယ်များက တိုက်ပုံကိုယ်စီ အမျိုးသားဝတ်စုံ ဖြင့် ) ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ရန် ဒဂုံမြို့နယ် ရဲစခန်း တွင် တရားဝင် သွားရောက် လျောက်ထားခဲ့ပါသည်။ ယခုတိုင် ရဲစခန်း မှူးနှင့် မြို့နယ် မှူးတို့ ထံမှ အကြောင်းပြန် ကြားချက် မရရှိသေးပါ။

တာဝန် ရှိသော ရဲတပ်ဖွဲ့မှူးထံမှ မလေးရှား သံရုံး ပတ်ဝန်းကျင်တွင် ငြိမ်းချမ်းစွာ စုဝေး ဆန္ဒဖေါ်ထုတ်ရန် ခွင့်ပြုချက် ရရှိခဲ့သော် နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများ အားလုံး အတွက် သက်ဆိုင်ရာ နိုင်ငံဧ။် အခြေခံ ဥပဒေ အကာအကွယ် အောက်တွင် မိမိတို့ မြန်မာ နိုင်ငံသားများ တည်ငြိမ် အေးချမ်းစွာ အသက်မွေး ၀မ်းကြောင်း နိုင်ရေး အတွက် ဆန္ဒဖေါ်ထုတ် တောင်းဆိုခြင်းဖြင့် မြန်မာ နိုင်ငံသား ဖြစ်သော မည်သူမဆို အသင်း အဖွဲ့ လူမျိုး၊ ဘာသာ မရွေး သပ်ရပ်သော အမျိုးသား တိုင်းရင်းသား ၀တ်စုံများ ကိုယ်စီ ၀တ်ဆင်ကာ ငြိမ်းချမ်းစည်းကမ်းတကျ ပူးပေါင်း ပါဝင်ခြင်းဖြင့် စည်းကမ်း တကျ ရှိသော ယဉ်ကျေးသော မြန်မာတို့ ဂုဏ်သိက္ခာကို ပြသကြမည်ဖြစ်ပါသည်။

မလေးရှား နိုင်ငံရှိ မိမိတို့မြန်မာ သံရုံး အရှေ့တွင် မည်သို့သော အကြမ်းသမားတို့က မည်သို့ စုဝေးရုန်းရင်း ဆန်ခတ် ဖြစ်ခဲ့သည်ဖြစ်စေ။ မိမိတို့ နိုင်ငံတွင် ရှိသော မလေးရှား သံရုံး အရှေ့တွင် နိုင်ငံကြီးသား ပီသသော စနစ်တကျ ရှိသော၊ ငြိမ်းချမ်းတည်ကြည် ယဉ်ကျေးသော မြန်မာတို့ စိတ်နေစိတ်ထား ကို ပြသပြီး မိမိတို့ မြန်မာ နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ပေးပါရန် မလေးရှား အစိုးရ သက်ဆိုင်ရာ တာဝန်ရှိသူတို့အား ပန်ကြားတောင်းဆိုမည့် လူထု လှုပ်ရှားမှု တခုသာဖြစ်ပါသည်။

ခွင့်ပြုချက် ရရှိခဲ့ပါလျှင် ငြိမ်းချမ်းစည်းစနစ် တကျ ရှိစွာ ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်မှ စီစဉ်ဆောင်ရွက်မည်ဖြစ်ပါသည်။

မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်