Home » » သင်္ကန်းစီး အလှူခံအတုများ မြိတ်တွင် ဖမ်းဆီး

သင်္ကန်းစီး အလှူခံအတုများ မြိတ်တွင် ဖမ်းဆီး

Written By Unknown on Tuesday, June 18, 2013 | 3:27 PM

မြိတ် -  ဇွန် - ၁၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြိတ်တောင်နယ်မြေတွင် ပြီးခဲ့သည့်အပတ်က သင်္ကန်းဝတ် ဖြင့် ရပ်ကွက်အတွင်း လိုက်လံအ လှူခံပြီး မူးယစ် သောက်စားမှု ပြု သည့် ရဟန်းတုသုံးဦး၊ ကိုရင်တု သုံးဦး၊ ကပ္ပိယအယောင်ဆောင် နှစ်ဦးအပါအဝင် စုစုပေါင်း ရှစ် ဦးကို ဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီး ရာတွင် ပါဝင် သည့် မြိတ်တောင် ကျေးရွာပါရမီ (၂)ရပ်ကွက် အရန် မီးသတ်တပ်ဖွဲ့ဝင်များထံမှ သိရ သည်။

သင်္ကန်းဝတ် ဖြင့် ရပ်ကွက် များတွင် လိုက်လံအလှူခံပြီး မူးယစ်သောက်စားသူများ ကြောင့် သာသနာတော်ကို ညှိုး နွမ်းစေနိုင်ကြောင်း ဒေသခံများ ၏ သတင်းပေး ချက် အရ မြိတ် ခရိုင် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိ သူများ၊ မြိတ်မြို့နယ်ရဲ တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ် ကွက်အုပ်ချုပ်ရေးမှူးများနှင့် မီးသတ် တပ်ဖွဲ့ ဝင်များ က  ဇွန် ၁၂ ရက် ည ၁ဝနာရီအချိန်ခန့်တွင် ဝင်ရောက် ရှာဖွေဖမ်း ဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးအရေးယူခံရသူများ သည် ဇွန် ၁၂ရက် ည ၁ဝနာရီ အ ချိန်တွင် မြိတ်မြို့၊ မြို့မရပ်ကွက် ၂ရှိ  မြတ်နိဗ္ဗာန်ဘုန်းတော်ကြီး ကျောင်းနှင့် လူနေအိမ်တခိျု့ တွင် သင်္ကန်း ဝတ်ဖြင့်နေထိုင်ပြီး အရက်ဘီယာများနှင့် ညစာများ ချက်ပြုတ်ကာဝိုင်းဖွဲ့ကာ သောက် စားနေစဉ် ဒေသခံများ၏ သတင်း ပေးပို့ချက်အရ ဝင်ရောက်ဖမ်း ဆီးခဲ့ခြင်း ဖြစ်ကြောင်း မြိတ်တောင် ကျေးရွာ၊ မြို့မ ၂ရပ်ကွက်မှ မီး သတ်တပ်ကြပ်ကြီး ဦးရန်သိန်းက ပြောသည်။

''မြိတ်မှာ အလှူခံအတုတွေ ပေါလာတယ်။ အရေးယူဆောင် ရွက်မှုအပိုင်းမှာ အားနည်းသေး တယ်''ဟု မြိတ်မြို့၊ ဆိပ်ငယ်ရပ် ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး က ပြော သည်။ ကျန်ငါးဦးကို အရက်သေ စာသောက်စားခြင်း၊ သံဃာတော် များနှင့်  မအပ်စပ်သည့်အမှုများ ပြုလုပ်သည်ကို သက်သေခံများ နှင့်အတူ ဖမ်းဆီး ရမိခြင်း ကြောင့် သာသနာတော် ညှိုးနွမ်းအောင် ဆောင်ရွက်သည့်အတွက် ပြစ်မှု ဆိုင်ရာပုဒ်မ ၂၉၅(က)အရ အမှု ဖွင့် အရေးယူထားသည်ဟု မြိတ် မြို့ရဲတပ်ဖွဲ့ စခန်း ရဲအရာရှိ တခိျု့ ထံမှ သိရသည်။ 

Yangon Media Group