Home » » ပတ်စ်ပို့အသိမ်းခံရ၍ မြန်မာလုပ်သားအခိျု့ မပြန်ရ

ပတ်စ်ပို့အသိမ်းခံရ၍ မြန်မာလုပ်သားအခိျု့ မပြန်ရ

Written By Unknown on Tuesday, June 18, 2013 | 3:34 PM

ဇွန်  - ၁၇

မြန်မာနိုင်ငံသို့ ပြန်လာချင်သည့်  မြန်မာလုပ်သား အခိျု့မှာ ယင်းတို့၏အလုပ်ရှင်များက ပတ်စ်ပို့များ သိမ်းဆည်း ထားသောကြောင့် ပြန်လာ ရန် အခက်အခဲဖြစ်နေကြောင်း မလေး ရှားနိုင်ငံမှ ပြန်လာသော လုပ်သား များ၏ ပြောပြချက်အရ သိရသည်။

ဇွန် ၁၅ ရက်နှင့် ၁၈ ရက် တို့တွင် မလေးရှားနိုင်ငံမှ ပြန် ရောက်လာသည့် မြန်မာလုပ်သား များက လက်ရှိမလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ ကြုံတွေ့ နေရ သည့် အခက်အခဲ များနှင့် ပတ်သက်၍ ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။ ဇွန် ၁၈ ရက်က မလေးရှား မှ ပြန်လာသူဦးဇာနည်က ''စက် ရုံတွေက ပတ်စ်ပို့ ပြန်မပေးဘူး။ သူတို့ သူဌေးတွေက အလုပ်ပျက်မှာစိုး လို့ ပတ်စ်ပို့တွေ ပြန်မပေးဘူး။ ပတ်စ်ပို့မရှိတော့ လက်မှတ်ဝယ် လို့မရဘူး။ တရားဝင်သွားတဲ့ သူ တွေက ပတ်စ်ပို့ သိမ်းခံရ အတွက် အခက်တွေ့နေတယ်''ဟု ဆိုသည်။ ယင်းအပြင် မလေးရှားနိုင်ငံ မှ ပြန်လာချင်ကြသော မြန်မာ လုပ်သားများအား လုပ်ငန်းရှင်များ အပြင် အေဂျင်စီ များမှလည်း ပတ်စ် ပို့သိမ်းဆည်းခြင်းကြောင့် ပြန်လာ ရန်အခက်အခဲများ တွေ့ကြုံနေရ ကြောင်း ယင်းတို့က ပြောသည်။

မလေးရှားနိုင်ငံ ဆာလာ ရမ်းမြို့တွင် အလုပ်လုပ်ကိုင်ခဲ့သူ ဦးအောင်ကိုလတ်က ''ကျန်ခဲ့တဲ့ လူတွေထဲမှာ ပတ်စ်ပို့မရှိတဲ့သူ တွေ ဒုက္ခရောက်သလို ပတ်စ်ပို့ ရှိတဲ့သူ တွေလဲ အေဂျင်စီတွေက ပတ်စ်ပို့မပေးတော့ လက်မှတ် ဝယ်လို့မရတဲ့အတွက် အခက်အ ခဲတွေ့နေကြတယ်''ဟု ပြောသည်။ ယင်းကဆက်လက်၍ အခိျု့ လုပ်ငန်းရှင် များမှ အခြေ အနေ စောင့်ကြည့်ကာ တစ်လနေပြီး ပြန်ပေးမည်ဟု ပြောကြကြောင်း၊ သို့သော်လည်း လက်ရှိဖြစ်ပျက် နေသော အခြေအနေများ ကြောင့် ပြန်လာ ချင် ကျသည့် အတွက် ဒုက္ခရောက်နေကြကြောင်း ပြောသည်။ ယင်းနှင့် ပတ်သက်၍မလေး ရှားနိုင်ငံသို့ သွားရောက်ကာ အ လုပ်သမား အရေး ဆောင်ရွက်ခဲ့ သည့် နိုင်ငံခြားရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်က ''သူတို့ပြန်လာဖို့သံရုံးက အိုင်စီ ထုတ်ပေးမယ်။ အိုင်စီရရင် ရင်း ဂစ် ၄၀၀ သွင်းပြီး ရင် မလေးရှား နိုင်ငံက လူဝင်မှုကြီးကြပ် ရေးက စစ်ဆေးမှာဖြစ်တယ်။ ဥပဒေချိုး ဖောက်ထားမှု ရှိမရှိစစ်ဆေးပြီး ပြန်ခွင့် ပြုမှာပါ''ဟု ပြောသည်။

လက်ရှိ မလေးရှားနိုင်ငံ တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် မှုများကြောင့် ဇွန် ၁၅ ရက်က မြန်မာလုပ်သား ၉၀ ခန့်ပြန်လည် ရောက်ရှိလာပြီး ဇွန် ၁၈ ရက်တွင် ဧရာဝတီ ဖောင်ဒေးရှင်း အကူ အညီဖြင့် မြန်မာလုပ်သား ၂၅ ဦး ပြန်လည်ရောက်ရှိလာကြောင်း သိ ရသည်။

စိုင်းဟန် - Yangon Media Group