Home » » အင်းလေး ဟော်တယ်ဇုံ ဒေသမှ အင်းတိုင်းရင်းသား တောင်သူ များအား ညနက်သန်းကောင် ၀င်ရောက်ဖမ်းဆီး

အင်းလေး ဟော်တယ်ဇုံ ဒေသမှ အင်းတိုင်းရင်းသား တောင်သူ များအား ညနက်သန်းကောင် ၀င်ရောက်ဖမ်းဆီး

Written By Unknown on Sunday, June 9, 2013 | 4:28 PM

ဇွန်လ ၉ ရက်

ယနေ့နံက်  ၂ နာရီ အချိန်တွင်  အင်ကြင်းကုန်းကျေးရွာမှ ကိုအောင်ကျော်မျိုးနှင့် ကန်ပဲ့ ကျေးရွာမှကိုသားကြီး၊ ကိုရွှေခဲ နှင့် ဦးကျော်စိန် တို့အား ရဲတပ်ဝင်အင်အား ၅၀ခန့်က ဝင်ရောက် ဖမ်းဆီး
ကြောင်း သိရပါသည်။

ဖမ်းဆီးခေါ်ဆောင်လာစဉ် ကျေးရွာသားများမှ ဖမ်းဆီးခေါ်ယူခွင့်ကို ဝိုင်းဝန်း တားဆီးသဖြင့် ပြန်လွတ်ပေးလိုက်ကြောင်း ရုံးချိန်းပျက် ကွက်မူ့ဖြင့် လာရောက်ဖမ်းဆီးကြောင်း ကိုအောင်ကျော်မျိုးက
ပြောပါသည်။

ဇွန်လ ၅ရက်နေ့ နေ့လည်က ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးစိုင်းနော်ခမ်း ဝန်ကြီးခွန်သိမ်းမောင် အင်းတိုင်းရင်းသား ဝန်ကြီး ဦးဝင်းမြင့် အပါအာဏာပိုင်အဖွဲ့နှင့် ကျေးရွာသားများတွေ့ ဆုံညှိနှိင်း နေကြောင်း ကျေးရွာသားများ၏ နစ်နာချက်များအား စာဖြင့် ရေးသားတင်ပြရန် ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

ယခုလို ညှိနှိင်းဆွေးနွေး နေဆဲအချိန်မှာ အခုလို အချိန်မတော်အင်အားသုံး ဝင်ရောက် ဖမ်းဆီးတာ အတွက် စိတ်မကောင်းဖြစ်မိကြောင်း တွေ့ဆုံဆွေးနွေးမူ့ကို ဆက်ပြီး လုပ်သွားမည်ဖြစ်ကြောင်း
ကိုအောင်ကျော်မျိုး က ပြောပါသည်။

ကိုမိုး (မျိုးဆက်သစ်)

by Myanmar News Now