Home » » မုံရွာအိုးဘိုတောင်က အိမ်ဝင်း ရွှေ့ပြောင်းခံရသူ ဖမ်းဝရမ်းကြောင့် ဆေးရုံတွင် အရေးပေါ်ကုသမှုခံနေရ

မုံရွာအိုးဘိုတောင်က အိမ်ဝင်း ရွှေ့ပြောင်းခံရသူ ဖမ်းဝရမ်းကြောင့် ဆေးရုံတွင် အရေးပေါ်ကုသမှုခံနေရ

Written By Unknown on Sunday, June 30, 2013 | 12:19 PM

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် ၀န်ထမ်းအိမ်ယာဆောက်
လုပ်အသုံးပြုရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနမှ သိမ်းယူခဲ့သည့်
မြေနေရာမှ ဖယ်ရှားပေးခြင်း မပြုလုပ်ခဲ့သည့် မုံရွာမြို့ အိုးဘိုတောင်
ကွက်သစ် မြ၀တီရပ်ကွက်၊ နယ်မြေ ၆ရှိ အိမ်ဝင်းပိုင်ရှင် ဦးရွှေရ(ခ)
ကျောက်ခဲကို မုံရွာအမှတ်(၁) ရဲစခန်းမှ စခန်းမှူးဖြစ်သူ ဒုရဲမှူးကျော်
ကျော်ညွှန့်ဦးဆောင်သည့်အဖွဲ့က ဇွန်လ ၂၅ရက်နေ့ နေ့လည်ပိုင်း၌
ဖမ်းဆီးရန်အသွား အိမ်ပိုင်ရှင်ဖြစ်သူမှာ ရုတ်တရက် သတိလစ်မေ့
မြောသွားသဖြင့် မုံရွာပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်ဆေးကုသ
မှု ခံယူနေရကြောင်း မိသားစုဝင်များမှ မန္တလေးအလင်းသို့ ပြောကြား
ခဲ့သည်။

ဦးရွှေရ (ခ) ကျောက်ခဲ နေ ထိုင်သည့် အိမ်အမှတ် ၆/၁၄၉ နေအိမ်
ဝင်းကို ၁၅ရက်အတွင်း ဖယ်ရှားပေးရန်နှင့် ဖယ်ရှားခြင်း မပြုလုပ်ပါ
က အထက်မြန်မာပြည်မြေနှင့် အခွန်နည်းဥပဒေ ၆၉(၂) အရ တရား
ရုံးတွင် တရားစွဲဆိုခံရမည်ဖြစ်ကြောင်း ပြီးခဲ့သည့် မေလ ၃၁ရက်နေ့
က ကော်လိတ္တော် အရာရှိ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ (မုံရွာ)
လက်မှတ်ဖြင့် အကြောင်းကြားစာ ပို့ခဲ့ပြီးနောက် ဇွန်လ၂၄ ရက်နေ့
တွင် တရားရုံးသို့ အမှုလာရောက်ရင်ဆိုင်ရန် ဆင့်ခေါ်ခဲ့သော်လည်း
ကာယကံရှင်မှ လာရောက်ခြင်း မပြုခဲ့သည့်အတွက် မုံရွာမြို့နယ်
တရားသူကြီး ဦးခင်မောင်ဝင်းက ဖမ်းဝရမ်းထုတ်ခဲ့ရာမှ ယခုအဖြစ်
အပျက် ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အိုးဘိုတောင် ကွက်သစ်တွင် နေထိုင်သူတစ်ဦးက “ရဲတွေနဲ့ အိုးဘို
တောင်နဲ့ မြို့သစ်ရပ်ကွက်က အုပ်ချုပ်ရေးမှူးတွေ ရောက်လာပြီး
ဖမ်းဝရမ်းဖတ်ပြနေတုန်း ဦးကျောက်ခဲ မူးလဲသွားတယ်။ ဒါနဲ့ဆေးရုံ
ကို ချက်ချင်းပိုက်လိုက်ရတယ်။ အခုလဲပဲ ဆေးရုံမှာ အောက်ဆီဂျင်
ပိုက် တန်းလန်းနဲ့ကုသမှုခံနေရတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးက
လာလာပြီး ဖိအားပေးနေတာရှိတယ်။ကျွန်တော်တို့ အိမ်အပါအ၀င်
၆အိမ်ကို အခုလိုမျိုးစာတွေ ပို့ထားတယ်။ စုစုပေါင်း ၇၇အိမ်မှာ ကျွန်
တော်တို့က လွဲပြီးကျန်တဲ့သူတွေက ရွှေ့သွားပြီ။ ဒီအိမ်နေရာတွေက
ကျွန်တော်တို့ နှစ်ပေါင်းများစွာနေခဲ့တဲ့ နေရာတွေပါ”ဟု သားဖြစ်သူ
ကိုစိုးသူက ပြောပြခဲ့သည်။

သတိလစ်သွားသူ ဦးကျောက်ခဲကို မုံရွာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့
ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွှန့်စိုးမှာ ဆေးရုံသို့ရောက်ရှိလာခဲ့
ကြောင်း၊ ယင်းနောက် ဆေးရုံတောင်ဘက်ပေါက်မှ မြို့နယ်အုပ်ချုပ်
ရေးမှူး ကားပြန်အထွက်တွင် သမီးဖြစ်သူ မညိုမာက ဂရုတစိုက်ဖြင့်
ဆေးကုသပေးရန်နှင့်ပစ်မထားဖို့ ပြောရင်းကားရှေ့လဲအိပ်ခဲ့ကြောင်း၊
ယင်းအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးက ၀တ္တရားနှောက်ယှက်မှုဖြင့်
တရားစွဲဆိုနိုင်သည်ဟု ပြောဆိုခဲ့ကြောင်း ကိုယ်တွေ့ကြုံတွေ့ခဲ့ရသူ
အိုးဘိုတောင်ရပ်ကွက်သူ တစ်ဦးက ပြောပြခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ဇွန်လ
၂၅ရက်နေ့ ညနေရုံးချိန်အမီအတွင်း ဖြစ်စဉ်ကို တင်ပြပြီး ဖမ်းဝရမ်း
အတည်မဖြစ်သည်ကို မြို့နယ်တရားရုံးကို တင်သွင်းလိုက်ကြောင်း၊
ကားရှေ့လှဲအိပ်ခဲ့သည့် မညိုမာအား ပြစ်မှုမကင်းသော အနိုင်ထက်
ပြစ်မှု ပုဒ်မ ၃၅၃ဖြင့် မုံရွာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွှန့်စိုးမှတရားစွဲ
မည်ဆိုလျှင် စွဲနိုင်ကြောင်း ပြောပြခဲ့သည်။

ဇွန်လ ၂၀ရက် နံနက်၈နာရီခန့်ကလည်း တိုင်းဒေသကြီးနယ်စပ်ရေး
ရာ လုံခြုံရေးဝန်ကြီးဗိုလ်မှူးကြီး ကြည်နိုင်နှင့် ရဲတပ်ဖွဲ့ဝင်အင်အား
၁၀၀ခန့် အဆိုပါအိမ်ဝင်းနေရာ အနီးသို့ အလုံးအရင်းဖြင့် ရောက်ခဲ့
သည်။

ချစ်ခိုင်
The Light of Mandalay