Home » » ရန်ကုန် မြစ်ဖြတ် ချစ်ကြည်ရေးတံတား တောင်ကိုရီးယား လက်ဆောင်ပေးမည်

ရန်ကုန် မြစ်ဖြတ် ချစ်ကြည်ရေးတံတား တောင်ကိုရီးယား လက်ဆောင်ပေးမည်

Written By Unknown on Thursday, June 20, 2013 | 6:12 PM

တောင်ကိုရီး ယားအစိုးရက မြန်မာ-တောင် ကိုရီးယားချစ်ကြည်ရေးတံတား တစ်စင်းကို ရန်ကုန်မြစ်ဖြတ်တည် ဆောက်ပေးရန် သဘောတူလိုက် ပြီဖြစ်သည်။ ထိုချစ်ကြည်ရေးတံတားက တောင်ကိုရီးယား၏ ပုံရိပ်အား မြန်မာပြည်သူများအတွင်း မြှင့် တင်ပေးနိုင်လိမ့်မည်ဟု တောင် ကိုရီးယား အစိုးရက ယုံကြည်နေ ကြောင်း ယွန်ဟပ်သတင်းကရေး သားလိုက်သည်။

မြန်မာနိုင်ငံ နေပြည်တော် သို့ရောက်ရှိ နေသည့် တောင်ကို ရီးယားဘဏ္ဍာရေးဝန်ကြီးဦး ဆောင်သည့်အဖွဲ့နှင့် မြန်မာအစိုးရ သက်ဆိုင်ရာ ဝန်ကြီးဌာနတို့ ဆွေးနွေး အပြီး အဆိုပါသဘောတူညီ ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။ တံတားတစ်ဖက်ခြမ်းတွင် တောင်ကိုရီးယားက စက်မှုဇုန် တစ်ခုကို အကောင်အထည်ဖော် ပြီး ကိုရီးယား ကုမ္ပဏီများ ထိုစက် မှုဇုန်တွင် လာရောက်ရင်းနှီးမြှုပ် နှံမှုပြုနိုင်ရန်လည်း တောင်ကိုရီး ယားက မြန်မာအစိုးရအားဆက် လက်တိုက်တွန်းမည်ဟုဆိုသည်။ ထို့ပြင် တောင်ကိုရီးယား က ယင်း၏စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေးတွင် အောင်မြင်ခဲ့သော Saemaul(ကျေးရွာသစ်များ)လှုပ် ရှားမှုအတွေ့အကြုံများကို မြန်မာ နိုင်ငံ အား မျှဝေပေးရန် မြန်မာ အစိုးရနှင့် သဘောတူညီမှုရရှိ လိုက်သည်။

မြန်မာ နိုင်ငံသို့ ရောက်ရှိ နေသော တောင်ကိုရီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Hyun Ohseok နှင့် မြန်မာနိုင်ငံ ဘဏ္ဍာရေး နှင့် အခွန်ဝန်ကြီးဌာနပြည်ထောင် စုဝန်ကြီး ဦးဝင်းရှိန်တို့သည် ယနေ့ တွင် နေပြည်တော်၌ တွေ့ဆုံဆွေး နွေးကြပြီးနောက် ယင်းကဲ့သို့ သ ဘောတူလိုက်ကြခြင်းဖြစ်ကြောင်း တောင်ကိုရီးယား သတင်း ဌာန ယွန် နပ်က ရေးသားသည်။

နှစ်နိုင်ငံ ဝန်ကြီးဌာနအဖွဲ့ များ တွေ့ဆုံဆွေးနွေးကြပြီးနောက် စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ အ ခြေခံအဆောက်အအုံ၊ စွမ်းအင်၊ ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေးကဏ္ဍ၊ ဆေးဝါး နှင့် အသံလွှင့်လုပ်ငန်းများ အထိ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်ကြရန်လည်း သဘော တူခဲ့ကြသည်ဟု သိရသည်။ ''မြန်မာနိုင်ငံဟာ ဖွံ့ဖြိုး တိုးတက်မှုကအစ တရုတ်နိုင်ငံလိုပဲ တိုးတက်ပြီး နိုင်ငံတွေရဲ့ပြိုင်ကွင်း တစ်ကွင်းအဖြစ် ပေါ်ထွန်းလာခဲ့ ပြီဖြစ်တယ်'' ဟု တောင်ကိုရီးယား ဝန်ကြီး က ပြောသည်။

''ပထမဆုံး သော ပူးတွဲကော် မတီအစည်းအဝေးကို အခွင့်ကောင်း ယူပြီး မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးအ စောပိုင်းအဆင့်အတွက် ကျွန် တော်တို့ လက်ဦး မှု ရယူ ဖို့ကြိုးစား နေပါတယ်။ ကျွန်တော်တို့က ကိုးရီ ယားဟန် ဖွံ့ဖြိုးတိုးတက်မှုပုံစံကို မြန်မာတွေကျင့်သုံးစေဖို့ တတ်နိုင် သလောက် ကြိုး စားမယ်''ဟု ဝန် ကြီး ကဆက်လက် ပြောဆိုသည်။ ၁၉၇၀ ကျော်နှစ်များက တောင်ကိုရီးယား၏ အဆိုပါလှုပ် ရှားမှုကြီးသည် ကျေးလက်ဖွံ့ဖြိုးမှု ကိုအခြေခံခဲ့ပြီး ယင်းက ဆင်းရဲ မွဲတေ မှုကို ကျော် လွှား နိုင်ခဲ့သည် ဟုသိရသည်။

ဒလမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ''မနေ့တုန်း က ကိုရီးယားဘက်က ဘဏ်ဥက္ကဋ္ဌ တစ်ဦးနဲ့ ရှစ်ဦးပါတဲ့အဖွဲ့လာပြီး တော့ ကြည့်သွားတယ်။ ဒလမြို့ နယ် ကမ်းနားလမ်း တစ်လျှောက် ကြည့်သွားတယ်။ နာရီစင်လမ်းအတိုင်း ဓနုတ်ဘုရားကြီး ဘက်က လယ်ကွင်းတွေကိုလဲ ကြည့်သွားတယ်။ အဲဒီ လယ်ကွင်း တွေက စက်မှု ဇုန်ဖော်ထုတ်လို့ ရနိုင်တယ်ဆိုပြီး တော့လဲ ပြောသွားတယ်။ တံတား ထိုးမယ့်နေရာက ဘုန်းကြီးလမ်း ဆိပ်ကမ်း ဘက်က နေပြီး တော့ ဖြစ် ဖို့များ တယ်''ဟု အတည်ပြုပြော သည်။

ယင်းကဆက်လက်ပြီး ''ဒီစီမံကိန်းကြောင့် လာမယ့်နှစ်နှစ် လောက်အတွင်းမှာ ဒလမြို့နယ်က လက်ရှိအခြေအနေကနေ ပြောင်း ပြန်အနေအထားမျိုး တိုးတက် ဖွံ့ ဖြိုးသွား ဖို့ရှိတယ်။ ဒလမြို့နယ်မှာ ရှိတဲ့ လူ ၅ဝဝဝဝ လောက်က ရန်ကုန် ဘက်ကို နေ့စဉ်သင်္ဘောတွေနဲ့ ကူး ပြီးအလုပ်သွားလုပ်နေရတာလဲ အဆင် ပြေသွား မယ်။ ဒီဘက် မှာ စက်မှုဇုန်တွေ ပေါ်လာမှာဖြစ်တဲ့ အတွက် ကိုယ့်မြို့နယ်မှာ ကိုယ့် အ လုပ်အကိုင်နဲ့ကိုယ်ဖြစ်သွားမယ်''ဟု ပြောသည်။

ညီလတ် - Yangon Media Group