Home » » လားရှိုးမြို့မှာ တဖက်နဲ့တဖက် ယုံကြည်မှုကင်းမဲ့နေဆဲလို့ဆို

လားရှိုးမြို့မှာ တဖက်နဲ့တဖက် ယုံကြည်မှုကင်းမဲ့နေဆဲလို့ဆို

Written By Unknown on Tuesday, June 18, 2013 | 2:07 PM

ပြီးခဲ့တဲ့လကုန်ပိုင်းက ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ မျာ ဖြစ်ပွါးသွါးခဲ့ တဲ့ ကဋိပက္ခ နေရာ ကို သွားရောက်သတင်းယူ ခဲ့ တဲ့ ABC သတင်းထောက် Zoe Daniel က လားရှိုး မြို့ အခြေအနေကို သတင်းပေးပို့ ခဲ့ပြီး တဖက်နဲ့တဖက် ယုံကြည်မှုကင်းမဲ့နေသေးတယ်ဆိုတာကို တွေ့ရကြောင်း ပြောပါတယ်။

သာမန်အားဖြင့် လူစည်ကားတဲ့ မြို့လည်ကို စစ်တပ်ကနေ ပိတ်ချထားတဲ့အတွက်၊ ဈေးဆိုင်တွေ ပိတ်ထားတာမြင်ရတဲ့အကြောင်း၊ လူခေါင်နေတဲ့ မြို့လည်မှာ ဖျက်ဆီး မီးရှို့ခံခဲ့ရတဲ့ အဆောက်အဦးတွေ မြင်ရပြီး၊ မီးကျွင်းမီးကျန်တွေကို မီးသတ်က လိုက်ငြိမ်းနေတဲ့အကြောင်း၊ ဗလီနံဘေးမှာ ပျက်စီးလိမ်ကောက်နေတဲ့ စက်ဘီးတွေနဲ့ ဖျက်ဆီး ခံထားရတဲ့ ကားတွေ မြင်ရတဲ့အကြောင်း မြင်ကွင်းကို ရှင်းပြခဲ့ပါတယ်။

တင်းမားမှုတွေဟာ တဖက်စွန်းရောက် ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကနေသွေး ထိုးခဲ့တယ်လို့ သိရတဲ့အကြောင်း၊ မွတ်စလင်စီးပွါးရှင်တွေ မြို့တွေမှာ စီးပွါး လက်ဝါးကြီး အုပ်နေကြတဲ့ အကြောင်း၊ မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတွေကိုလဲ မွတ်စလင်အမျိုးသားတွေ လိုလားကြတဲ့ အကြောင်း၊ ဒီလိုပြောဆိုမှုတွေ ဟာ အသစ်အဆန်းမဟုတ်ပေမဲ့ အခု လို ပြောဆိုမှုတွေ ပြောင်ပြောင်တင်း ပြောလာတာတွေဟာ မြန်မာနိုင်ငံမှာ ပြောင်းလဲစဖြစ်ပေါ်လာနေတဲ့ ဒီမိုကရေစီကို ထိခိုက် စေတယ်လို့ Zoe Daniel က ပြောပြ ပါတယ်။

ဆိပ်ငြိမ်နေတဲ့ မြို့မှာ ဗုဒ္ဓဘာသာ တရားရွတ်သံတွေ ကားနဲ့လှည့် ရွတ်ဆိုနေတာကို ကြားရတဲ့ အကြောင်း၊ ဘာသာရေး ညီညွတ်ဖို့ကြိုးပမ်းနေတဲ့ အဖွဲ့တဖွဲ့ ကလဲ၊ ညီညွတ် အေးချမ်းအောင် ဆောင်ရွက်ချက်တွေ လုပ်နေပေမဲ့ အခြေအနေက တင်းမာဆဲ ဖြစ်နေပြီး တဖက်နဲ့ တဖက် ယုံကြည်မှု ကင်းမဲ့ တဲ့အခြေအနေ ရှိနေတဲ့ အကြောင်း ဆက်ပြီး တင်ပြထားပါတယ်။

လားရှိုးမြို့ပဋိပက္ခမှာ ပါဝင်ခဲ့တဲ့ မွတ်စလင် တဦးကတော့ ဖမ်းဆီးရုံးတင် ပြစ်ဒါဏ်စီရင် ခံခဲ့ရပြီး၊ မွတ်စလင် နောက်ထပ် အယောက် ၆၀ လောက်ကတော့ အကြမ်းဖက်မှုမှာ ပါဝင်မှု အပြင် တုတ်တွေ၊ ဓါးတွေ ကိုင်ဆောင်မှုနဲ့ ဖမ်းဆီး အရေးယူ ခံထားရပါတယ်။

ပဋိပက္ခမှာပါဝင်ခဲ့တဲ့ ဗုဒ္ဓဘာသာဝင် တဦးမှ ဖမ်းဆီး အရေးယူတာ မရှိခဲ့တဲ့ အကြောင်း၊ မိတ္ထီလာမှာ အလားတူ အခြေအနေ နဲ့ ဖမ်းဆီး၊ ရုံးတင်အရေးယူ၊ တရားစီရင်ခြင်းခံရသူတွေ အားလုံးဟာ အစ္စလာမ် ဘာသာဝင်တွေသာ ဖြစ်ခဲ့တယ်လို့ ABC သတင်းထောက် Zoe Daniel က လားရှိုးမြို့ကနေ သတင်းပေးပို့ခဲ့ပါတယ်။

radioaustralia