Home » » ပလက်ဝမှတဆင့်ဝင်လာသော ဘင်္ဂလားဒေ့ခ်ျ ရခိုင်ဒုက္ခသည်များအား ရခိုင်သို့ပို့ဆောင်

ပလက်ဝမှတဆင့်ဝင်လာသော ဘင်္ဂလားဒေ့ခ်ျ ရခိုင်ဒုက္ခသည်များအား ရခိုင်သို့ပို့ဆောင်

Written By Unknown on Thursday, June 20, 2013 | 3:53 AM

ပလက်ဝ၊ ဇွန် ၁၉ --- ၂၀၁၃-ခုနှစ်၊

မေလအတွင်းက ဘင်္ဂလားဒေ့ခ်ျမှ ၀င်ရောက်ခဲ့သော ရခိုင်ဒုက္ခသည်များကို ချင်းပြည်နယ်၊ ပလက်ဝမြို့မှ ရခိုင်ပြည်နယ်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့မရပ်ကွက်၊ ဘုန်းကြီးကျောင်းတွင် ခဏတာ စခန်းချခဲ့သော ဒုတိယအဖွဲ့ဖြစ်သည့် ရခိုင်ဒုက္ခသည်(၂၄)ဦးအား ဇွန်လ(၇) ရက်နေ့ က ပလက်ဝ-ကျောက်တော်လှိုင်း ကစ္ဆပနဒီရေယာဉ်လှိုင်းဖြင့် ကျောက်တော်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့ကို ကျောက်တော် ဓမ္မရုံမှ ဇွန်လ( ၁၅) ရက်နေ့တွင် ကျောက်တော် လူမှုရေးအသင်းမှ ဘူးသီးတောင်မောင်တော ဘက်သို့ ကားနှစ်စီးဖြင့် ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရခိုင်ဒုက္ခသည်တို့သည် အုပ်စုနှစ်စုဖြင့် မေလ ၁၃ ရက်နေ့တွင် ၃၅ ဦးနှင့် မေလ ၂၁ ရက်နေ့တွင် ၂၄ ဦးအသီးသီးဝင်ရောက်ခဲ့ရာ ပလက်ဝမြို့၊ မြို့မဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ခေတ္တနေရာချပေးထားခြင်းဖြစ်သည်။

အဆိုပါ ဒုက္ခသည်များသည် ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် ကုလား-ရခိုင်ပြဿနာများကြောင့် ကြောက်ရွံ့၍ မြန်မာနိုင်ငံအတွင်းသို့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် နယ်စပ်မှဖြတ်ကျော်ဝင်ရောက် ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Khumi Media Group -ခူမီးမီဒီယာ