Home » » မြန်မာကုန်သည်တွေ ကုန်သွယ်မှုမြှင့်တင်ဖို့ကြိုးစား

မြန်မာကုန်သည်တွေ ကုန်သွယ်မှုမြှင့်တင်ဖို့ကြိုးစား

Written By Unknown on Friday, June 7, 2013 | 10:14 AM

မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင် ၁၈၀ ကျော်ပါဝင်တဲ့အဖွဲ့က ကုန်သွယ်မှုမြှင့်တင်ဖို့အတွက် ငါးရက်ကြာတဲ့ ကုန်စည်ပြပွဲတခုကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ကျင်းပြပြုလုပ်နေတယ်လို့ သိရပါတယ်။

ဇွန်လ ၆ ရက်နေ့ကစတင်ကျင်းပနေတဲ့ ၂၁ကြိမ်မြောက် ကူမင်းပို့ကုန်၊သွင်းကုန် ပြပွဲဟာ တရုတ်-တောင်အာရှမှာ ပထမဆုံးအကြိမ်ပြုလုပ်တာဖြစ်ပါတယ်။ စီးပွားရေးချိတ်ဆက်ဖို့နဲ့ ကုန်သွယ်မှု မြှင့်တင်လာနိုင်ဖို့အတွက် အာဆီယံ ၁၀ နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေလည်း ကုန်စည်ပြပွဲကို တက်ရောက် ခဲ့ကြတယ်လို့ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချူပ် UMFCCI က ကော်မတီဝင် ဦးမျိုးသန့်က အခုလိုပြောပါတယ်။

“လက်မှု အနုပညာပစ္စည်းရယ်၊ ကျနော်တို့ ကျောက်မျက်ရတနာ ပစ္စည်းရယ်၊ နောက်တစ်ခါ ကျနော်တို့ ပဲ၊ နှမ်း နမူနာတွေဘာတွေ ပစ္စည်း အစုံပေါ့ခင်ဗျ၊ ရည်ရွယ်ချက်ကတော့ ကုန်သွယ်မှု မြင့်တင်ဖို့ပေါ့ဗျား။ ဒီလိုသွားခြင်းအားဖြင့်ကတော့ ရှင်းရှင်းပြောရရင် အနည်းနဲ့အများတော့ ကျနော်တို့ ဖေါက်သယ်တွေ ရမယ်ဗျား၊ နောက် ကုန်စည်တွေရဲ့ လုပ်ပုံကိုင်ပုံတွေ နောက် ကုန်စည်တွေ ထုတ်ပိုးပုံတွေတော့ အများကြီး အိုင်ဒီယာ တွေရလာမယ်၊ နောက် ဈေးကွက်ကို အနည်းနဲ့အများ နိုင်ငံတကာ ဈေးကွက်နဲ့ထိတွေ့မှုတွေ ပိုရလာမယ်လို့ ကျနော် ယုံကြည့်ပါတယ်။”

အခုပြလုပ်တဲ့ ကုန်စည်ပြပွဲမှာ ပြခန်းပေါင်း ၃၀ နဲ့ ပြသနေတာဖြစ်ပြီးတော့ မြန်မာနိုင်ငံဖက်က စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ပြည်တောင်စု ၀န်ကြီးနဲ့ တာဝန်ရှိ သူတွေ၊ သစ်လုပ်ငန်းရှင်များအသင်းနဲ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးအသင်းတွေက ကိုယ်စားလှယ်တွေ၊ ကုန်သည်စက်မှု အသင်းချူပ်က ကိုယ်စားလှယ်တွေ၊ သမ၀ါယမ ဦးစီးဌာနက ကိုယ်စားလှယ်တွေလည်း ပါဝင်တက်ရောက်ပြသနေတယ်လို့ သိရပါတယ်။

ပြပွဲမှာ တရုတ်ကုန်သည်တွေအပြင် အခြားနိုင်ငံပေါင်း ၄၀ ခန့်က စီးပွားရေးလုပ်ငန်းရှင် ၅၀၀၀ ခန့် လာရောက်ပြသနေတာဖြစ်တာကြောင့် မြန်မာနိုင်ငံအနေနဲ့ ဈေးကွက်ပိုရလာမယ်လို့ ဦးမျိုးသန့် က ပြောတဲ့အကြောင်း ရေဒီယိုသြစတေးလျသတင်းထောက်သန်းကျော်စိုးကသတင်းပေးပို့ ထားပါတယ်။

ABC Radio Australia