Home » » ဘင်္ဂလာဒေ့ခ်ျတွင် ဇွန် ၁၉ ရက် တစ်နေ့တည်း မိုးကြိုးပစ်၍ လူ ၁၃ ဦးသေဆုံး

ဘင်္ဂလာဒေ့ခ်ျတွင် ဇွန် ၁၉ ရက် တစ်နေ့တည်း မိုးကြိုးပစ်၍ လူ ၁၃ ဦးသေဆုံး

Written By Unknown on Thursday, June 20, 2013 | 5:26 PM

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ဇွန်လ ၁၉ ရက် တစ်နေ့တည်းတွင် မိုးကြိုး ပစ်ခတ်မှုကြောင့် လူ ၁၃ ဦးသေဆုံးသွားခဲ့သည်။

သေဆုံးသူမှာ ၁၃ ဦး ရှိပြီး ဒဏ်ရာ ရသူမှာ ၁၀ ဦးရှိကြောင်း” ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြသည်။

ဒက္ကားမြို့ ဗြိတိသျှ သံရုံးအနီး ပစ်ခတ်သော မိုးကြိုးကြောင့် ဆယ်ကျော် အသက်အရွယ် အလုပ်သမား လူငယ် (၂) ဦး သေဆုံးသွားကြောင်း၊ သူတို့မှာ ဟာဆန် (၁၉) နှစ် နှင့် ၀ါချိမ်း (၁၈) နှစ်တို့ ဖြစ်ကြသည်ဟု ဆိုသည်။

သူတို့မှာ နေ့လည် ထမင်းစားချိန် အလုပ်မှ နားပြီး လဲလျောင်းနေစဉ် နေ့လည် ၂ နာရီ ၄၅ မိနစ်တွင် မိုးကြိုးပစ်ခံရခြင်း ဖြစ်ကြောင်း ရဲအရာရှိ ရာဖိကု အစ္စလာမ်က ပြောသည်။

တစ်ခြား မိုးကြိုးထိမှန်ပြီ သေဆုံးသွားကြသူများမှာ Chapainawabganj၊ Sherpur နှင့် Rajshahi ခရိုင်တို့မှ ဖြစ်ကြသည်။

လွန်ခဲ့သောနှစ် သြဂတ်စ်လ ( ၁၀ ) ရက်နေ့ကလည်း ဒက္ကားမြို့မှ ၁၂၅ မိုင်ခန့် ဝေးသော Sunamganj ခရိုင် Saraswatipur ကျေးရွာတွင် မိုးကြိုးပစ်ခတ်မူကြောင့် ဘုရားဝတ်ပြုပြီး ဗလီမှ ထွက်လာသူ ၁၃ ဦး သေဆုံးခဲ့ရသည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် မိုးကြိုးပစ်ခံရ၍ သေဆုံး အရေအတွက်မှာ တနှစ်ထက် တနှစ် တိုးလာကြောင်း သိရသည်။

နိရဉ္စရာသတင်းဌာန