Home » » ကားနှင့်ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်သမားနှစ်ဦးသေဆုံး

ကားနှင့်ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်သမားနှစ်ဦးသေဆုံး

Written By Unknown on Sunday, June 8, 2014 | 12:40 PM

ဇွန် ၇။ ယနေ့နံနက် ၁၀ နာရီကျော်ခန့်က ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော စိန်နိုင်ကျော် မှန်လုံအမြန်ယာဉ်သည် ဟင်္သာညီနောင်မှန်လုံအမြန်ယာဉ်နှင့် အပြိုင်မောင်းနှင်ရာမှ ဇလွန်မြို့နယ် မေရီလန်းကျေးရွာတွင် မျက်နှာချင်းဆိုင်လာသော ဆိုင်ကယ်တစ်စီးအား တိုက်မိရာ ဆိုင်ကယ်သမားနှစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။ ကနဦးစုံစမ်းချက်များအရ သေဆုံးသူနှစ်ဦးမှာ ဓနုဖြူမြို့မှ ဆယ်တန်းအောင်စာရင်းကြည့်ပြီး ပြန်လာသူ ကျောင်းသားနှစ်ဦးဖြစ်ကြောင်း(အတည်မပြုနိုင်သေး) သိရသည်။ Photo by Wia Gyi