Home » » အင်ဒိုနီးရှား နိုင်ငံရှိ ဆီနာဘွန် မီးတောင် ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၁၆ဦး သေဆုံး

အင်ဒိုနီးရှား နိုင်ငံရှိ ဆီနာဘွန် မီးတောင် ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၁၆ဦး သေဆုံး

Written By Unknown on Thursday, January 16, 2014 | 9:22 PM

ဂျကာတာ ဇန်နဝါရီ ၁၆

အင်ဒိုနီးရှား နိုင်ငံမြောက် ဆူမတြား ကာရိုခရိုင် အတွင်းရှိ ဆီနာဘွန် မီးတောင် ပြင်းထန်စွာ ပေါက်ကွဲမှုကြောင့် ဒေသခံ ပြည်သူ အနည်းဆုံး ၁၆ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၁၅ရက်တွင် ပြောကြား ခဲ့သည်။

အဆိုပါ မီးတောင်သည် ယခုသီတင်းပတ် အကုန်မှစ၍ ဇန်နဝါရီ ၁၅ရက်အထိ ဆက်လက် ပေါက်ကွဲလျက် ရှိခြင်းကြောင့် နေအိမ်များမှ စွန့်ခွာထွက်ပြေး လာပြီး ကယ်ဆယ်ရေး စခန်းများနှင့် ဆေးရုံများသို့ တက်ရောက် ခိုလှုံ နေရသည့် ပြည်သူအနည်းဆုံး ၁၆ဦး သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ အမျိုးသား သဘာဝဘေး အန္တရာယ် စီမံ ခန့်ခွဲရေး အေဂျင်စီမှ အကြီးအကဲ ဖြစ်သူ ဆာယန်မာရစ်က ပြောကြားထားသည်။

ယင်းမီးတောင်သည် ပြာမှုန်များကို ကောင်ကင်အထက် ၇ဝဝဝအမြင့်သို့ မှုတ်ထွက်လျက်ရှိပြီး တစ်ချိန်တည်းမှာပင် မီးတောင်မှ ကျဆင်းလာသည့် ချော်ရည်များမှာ ဒေသအတွင်းရှိ မြစ်များအတွင်းသို့ စီးဆင်းလျက် ရှိသောကြောင့် ကျေးရွာအများ အပြားအား ခြိမ်းခြောက်လျက် ရှိကြောင်း သိရသည်။

အာဏာပိုင်များသည် အဆိုပါ ဒေသအတွင်းရှိ ပြည်သူများအတွက် အရေးပေါ် ကယ်ဆယ်ရေးအဖြစ် ဒေါ်လာ ၂ဒသမ ၁သန်းကို လျာထားခဲ့ပြီး ယခုအချိန်တွင် ဘေးအန္တရာယ် ကင်းရှင်းရာသို့ ရွှေ့ပြောင်း ပေးခဲ့ရသူ ဦးရေမှာ ၂၆ဝ၈၈ ဦးအထိ မြင့်တက်လာပြီ ဖြစ်ကြောင်း သိရသည်။

အမြင့် ၁၄၇၅ မီတာရှိ ဘွန်မီတောင်သည် နှစ်ပေါင်း ၄ဝဝခန့်အကြာ ငြိမ်သက် နေခဲ့ပြီးမှ လွန်ခဲ့သည့်နှစ် စက်တင်ဘာမှ စတင်၍ ပြန်လည်လှုပ်ရှား လာခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်မှစ၍ မကြာခဏ ပေါက်ကွဲမှုဖြစ်ပွား လာခဲ့သည်ဟု အာဏာပိုင်များက ပြောကြား ထားသည်။

မြ၀တီ