Home » » ရန်ကုန် - ထားဝယ် ခရီးသည်တင် မှန်လုံယာဉ် တစ်စီး အဝေးပြေးလမ်းပေါ် တွင် မီးလောင်

ရန်ကုန် - ထားဝယ် ခရီးသည်တင် မှန်လုံယာဉ် တစ်စီး အဝေးပြေးလမ်းပေါ် တွင် မီးလောင်

Written By Unknown on Saturday, January 11, 2014 | 6:21 PM

ထားဝယ် ၊ ဇန်နဝါရီ ၁၀ ။ ။ ထားဝယ် မှ ရန်ကုန်သို့ဦးတည်မောင်းနှင် သွားသော ငွေငန်းဖြူအဆင့်မြင့် ခရီးသည်တင် မှန်လုံယာဉ်တစ် စီးသည် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၏ မိုင်တိုင်အ မှတ် ၂၂/ဝနှင့် ၂၂/၁ အကြား၌ ဇန်နဝါရီ ၁ဝရက် နံနက် ရနာရီ ခန့်တွင် မီးလောင်မှုဖြစ် ပွားခဲ့ ကြောင်း အမြန်လမ်း၊ အမှတ်(၃) ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

အဆိုပါမော်တော်ယာဉ်၏ နောက်ဘက်ရှိ စက်အင်ဂျင်ခန်း ၌ ၀ါယာရှော့ဖြစ်ပွားရာမှ တစ် ဆင့် မော်တော်ယာဉ်တစ်စီးလုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ခရီးသည်များ ထိ ခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ယင်းရဲတပ်ဖွဲ့စခန်းမှ သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက် ပြီး အထက်ပါယာဉ်လိုင်းကို ဖုန်း ဖြင့် ဆက်သွယ်မေးမြန်းသော် လည်း ပြန်လည်ဖြေဆိုမည့်သူ မရှိကြောင်း သိရသည်။

ယာဉ်မီးလောင်မှုနှင့် ပတ် သက်ပြီး အမြန်လမ်း၊ အမှတ် (၃)ရဲတပ်ဖွဲ့စခန်းမှ ယာဉ် (ပ) ၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅ဖြင့် ယာဉ်မောင်းအား အရေးယူထား ကြောင်း အထက်ပါရဲစခန်းမှ သိ ရသည်။

ထားဝယ်လိုင်းအခြေစိုက် အဝေးပြေးယာဉ်မောင်း များသည် လေအိတ်အမျိုး အစားယာဉ်များ နှင့် အသားမကျသေးသဖြင့် ထို့ ကဲ့သို့ဖြစ်ပွား ရခြင်းဖြစ်ကြောင်း ထားဝယ်-ရန်ကုန် ယာဉ်လိုင်း တာဝန်ခံတစ်ဦးက မှတ်ချက်ပြု သည်။

ရန်ကုန်မြို့နှင့် ထားဝယ် မြို့သို့ တိုက့်ရိုက်ပြေးဆွဲနေသော ခရီးသည်တင် မှန်လုံမော်တော် ယာဉ်များသည် ပြီးခဲ့သည့်နှစ်နှင့် ယခုနှစ်ဦးပိုင်းအထိ ယာဉ်တိုက် မှု၊ လမ်းဘေးထိုးကျမှု၊ ယာဉ်မီး လောင်မှုပေါင်း ၁၄ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့ကြောင်း မော် တော်ယာဉ်အသိုင်းအဝိုင်းထံမှ သိရသည်။

Dawei Watch

Yangon Media Group