Home » » သိမ်းဆည်းခံမြေအရေး အစိုးရနှင့်စစ်တပ် နှောက်ယှက်

သိမ်းဆည်းခံမြေအရေး အစိုးရနှင့်စစ်တပ် နှောက်ယှက်

Written By Unknown on Tuesday, January 7, 2014 | 3:36 PM

ရန်ကုန်၊ ဇန်နဝါရီ ၆

သိမ်းဆည်းခံ မြေအရေး ဖြေရှင်းရာတွင် အစိုးရဝန်ကြီးဌာန များနှင့် စစ်တပ်တို့က ၀င်ရောက်နှောက်ယှက်ခြင်းများ ရှိခဲ့ကြောင်း ပြည်သူလွတ်တော်၏ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုကြောင့် ပြည်သူများများ နှစ်နာမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်က စွတ်စွဲပြောဆို လိုက်သည်။

ကော်မရှင်ကို တိုင်ကြား၍ သွားရောက်စုံစမ်းစစ်ဆေးသော မြေယာသိမ်မှု အချိုံ့ကို တပ်မှ လာရောက်ခြံခတ်ခြင်းများ၊ အစိုးရဝန်ကြီးဌာနအချို့က စုံစမ်းမူကြန့်ကြာစေရန် ဗျူရို ကရေစီယန္တရားဖြင့် နှောက်ယှက်ခြင်းများ ရှိကြောင်း ယင်း ကော်မတီ ထိပ်ပိုင်းတာဝန်ရှိသူတစ်ဦးက ဖွင့်ဟပြောဆိုသည်။

“တပ်အကြီးအကဲတွေပြောတော့ ပြန်ပေးမယ် အောက်ခြေက ခြံခတ်နေတယ်၊ဝန်ကြီးဌာနအချင်းချင်းကလည်း လက် ဝါးခြင်း ရိုက်ထားသလားလို့တောင် ထင်ရတယ်”ဟု ၎င်းက ပြောကြားသည်။

ကော်မရှင်၏ ကူညီဆောင်ရွက်ပေးမူကြောင့် သိမ်းဆည်းခဲ့သည့် မြေယာများ အိုးအိမ်ဖွံဖြိုးမူဦးစီးဌာနက ပြန်လည်ပေးအပ်ရန် စီစဉ် နေရာတွင် မြေပိုင်ရှင်ဟုတ်မ ဟုတ်စုံစမ်းခြင်းထက် ဆန္ဒပြခဲ့သူများ ပါမပါစုံစမ်းခြင်းက ပိုမိုများပြားနေ သည်ဟု ၎င်းမှတ်ချက်ပြပြော ဆိုသည်။

လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမူကြောင့် ပြည်သူများနှစ်နာမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်သည်
တနိုင်ငံလုံးရှိ မြေယာပြသနာများကို စုံစမ်းရန် ယခင်နှစ်က ပြည်သူ့လွှတ်တော်က ဖွဲ့စည်းပေးခဲ့သော ကော်မရှင်ဖြစ်ပြီး ၎င်းတို့ စုံစမ်းသိရှိရသည်များကို လွတ်တော်သို့ ပြန်လည် အစီရင်ခံကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ညိမ်းသူ

People power