Home » » အမှတ်ပေးစနစ်ဖြင့် ဆရာ၊ ဆရာမများကို ရာထူးတိုးအကဲဖြတ်မည်

အမှတ်ပေးစနစ်ဖြင့် ဆရာ၊ ဆရာမများကို ရာထူးတိုးအကဲဖြတ်မည်

Written By Unknown on Friday, January 3, 2014 | 1:15 PM

အဆင့်မြင့်ပညာဏ္ဍမှ ဆရာ၊ ဆရာမများ၏ ရာထူးတိုးခြင်းကို အမှတ်ပေးစနစ်ဖြင့် အကဲဖြတ်သွားမည် ဖြစ်ကြောင်းသိရသည်။

ပညာရေးဝန်ကြီးဌာနမှ လက်ရှိပြုစုလျက်ရှိသည့် တက္ကသိုလ်ဗဟိုကောင်စီဥပဒေတွင် သင်ကြားရေး ဆိုင်ရာ ဆရာ၊ ဆရာမများကို ပညာအရည်အချင်း၊ လုပ်ရည်ကိုင်ရည်ကောင်းမွန်မှု၊ အသုံးချသုတေ သနဆောင်ရွက်မှု (Performance) ကိုရာထူးတိုးမြှင့်ရေးဆိုင်ရာ အခြေခံမူတစ်ရပ်အဖြစ် ထည့်သွင်း သတ်မှတ်သွားမည်ဖြစ်ကြောင်း၊ ဆရာများအနေဖြင့် နှစ်အနည်းငယ်ဖြင့် ရာထူးတိုးခြင်း အခွင့်အရေး ရရှိတော့မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) မှ သိရသည်။

"ကျောင်းတွေကို အရည်အသွေးအကဲဖြတ်ပေးတဲ့ပုံစံလိုပဲ။ ဆရာတွေရဲ့ အရည်အသွေးကိုလဲ အကဲ ဖြတ်ပြီးရာထူးတိုးပေးသင့်တဲ့သူဆိုရင် ရာထူးတိုးပေးတဲ့ပုံစံမျိုးသွားမယ်။ အရည်အချင်းပြည့်မီတဲ့ ဆရာဆိုရင်ရာထူးတိုးမှာပါ။ အမှတ်ပေးတဲ့ပုံစံမျိုးလုပ်မှာပါ။ ဆရာတစ်ယောက်က သုတေသနတစ်ခု လုပ်ရင် သူလုပ်တဲ့သုတေသနက ဘယ်လောက်အထိအောင်မြင်သလဲ။ အောင်မြင်တယ်ဆိုရင် ဘယ်နှ မှတ်၊ အစည်းအဝေးတွေမှာ ဘယ်လိုတင်ပြမှုက ကောင်းတယ်ဆိုတာက ဘယ်နှမှတ်ဆိုတဲ့ပုံစံမျိုးတွေ လုပ်မှာပါ" ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆရာများ၏ ရာထူးတိုးခြင်းဆိုင်ရာ ကိစ္စရပ်များတွင်သာမက ဆရာခန့်ထားရေးများကို သတ်မှတ် အရည်အချင်းပြည့်မီသူများကိုသာ ကျောင်းသား၊ ကျောင်းသူအရေအတွက်ပေါ်မူတည်၍ ရွေးချယ်ခန့် အပ်သွားမည်ဖြစ်ကြောင်း၊ လိုအပ်ပါကဝါသနာနှင့် ပင်ကိုယ်စွမ်းရည်စစ်ဆေးခြင်းများကိုလည်း စစ် ဆေးမည်ဖြစ်ကြောင်း သိရသည်။

ထားဝယ်တက္ကသိုလ်မှ ဆရာတစ်ဦးဖြစ်သူ ဦးဇော်သူရက လုပ်သက်နှင့်ဆုံးဖြတ်သည့်အတွက် မည်မျှပင်လုပ်ကိုင်နိုင်သည်ဖြစ်စေ သတ်မှတ်ချိန်ရောက်မှသာ ရာထူးတိုးခွင့်ရကြောင်း ဆရာများ၏ လုပ်ရည်ကိုင်ရည်ကိုကြည့်၍ အကဲဖြတ်သည့်စနစ်ကို အကောင်အထည်ဖော်သင့်ကြောင်း ဆိုသည်။

လက်ရှိအဆင့်မြင့်ပညာကဏ္ဍမှ ဆရာများ၏ရာထူးတိုးပုံစံမှာ သင်ကြားရေးဆရာအဆင့်မှ လက် ထောက်ကထိကအဆင့်အထိကို ခုနှစ်နှစ်ခန့်ကြာမြင့်ကြောင်း၊ လက်ထောက်ကထိကအဆင့်မှ ကထိ ကအဆင့်သို့ရောက်ရန်အတွက် ငါးနှစ်ခန့်ကြာမြင့်ကြောင်း၊ ကထိကအဆင့်မှ တွဲဖက်ပါမောက္ခ၊ ပါမောက္ခအဆင့်အထိသို့ နှစ်နှစ်ခန့်ကြာမြင့်ကာ သင်ကြားရေးဆရာအဆင့်မှ ပါမောက္ခအဆင့်အထိ စုစုပေါင်း ၁၅ နှစ်ခန့်ကြာမြင့်ကြောင်း သိရသည်။

The Yangon Times Daily