Home » » မောင်တောမြို့နယ်က ရဲတပ်ကြပ် ပျောက်ဆုံးမှု

မောင်တောမြို့နယ်က ရဲတပ်ကြပ် ပျောက်ဆုံးမှု

Written By Unknown on Friday, January 17, 2014 | 9:33 PM

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒူချီရာတန်း အလယ် ကျေးရွာ မှာ ပျောက်ဆုံးနေတဲ့ ရဲတပ်ကြပ်ကို ရှာဖွေနေတဲ့ အာဏာပိုင်တွေက ရွာသား(၈၀)ကျော်ကို ဖမ်းဆီး ထားတယ်လို့ ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရသူက ပြောပါတယ်။

ဒူချီရာတန်း အလယ်ကျေးရွာနဲ့ အနီးတ၀ိုက် ရွာတွေမှာ ရဲတပ်ဖွဲ့ဝင်တွေဟာ ပျောက်ဆုံးနေတဲ့ ဒီရဲတပ်ကြပ်နဲ့ အတူပါသွားတဲ့ လက်နက်ကို တွေ့ရှိဖို့ လုံခြုံရေး အင်အားတိုးပြီး ရှာနေပါတယ်။

အခုလို ၀င်ရောက် ရှာဖွေတဲ့အခါမှာ ရဲတွေရဲ့ အကြမ်းဖက်မှုကြောင့် ရွာသား(၇)ဦး သေဆုံးခဲ့ရတယ်လို့ ဗြိတိန်အခြေစိုက် ရိုဟင်ဂျာ အစည်းအရုံးက ထုတ်ပြန်ပါတယ်။

မွတ်စလင်တွေနဲ့ နီးစပ်တဲ့ မောင်တောမြို့ ဒေသခံတစ်ဦးကတော့ ရဲတွေရဲ့ ရှာဖွေစစ်ဆေးမှုအတွင်း ရွာသား(၈)ဦး သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။ BBC Burmese

အပြည့်အစုံကို နားဆင်နိုင်ပါတယ်။