Home » » ပလိပ်မြို့ အမှတ် ၂ အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ

ပလိပ်မြို့ အမှတ် ၂ အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ

Written By Unknown on Thursday, January 16, 2014 | 10:03 PM

မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ် ပလိပ်မြို့ အမှတ် ၂ အထည်စက်ရုံမှာ အလုပ်သမား ၃၀၀ လောက် ဇန်န၀ါရီလ ဒီကနေ့ညနေ ၃ နာရီကစပြီး ဆန္ဒပြနေကြပါတယ်။

ပလိပ်မြို့ အမှတ် ၂ အထည်ချုပ်စက်ရုံကို ပုဂ္ဂလိက လွှဲပြောင်းရာမှာ ၀န်ထမ်းတွေအတွက် ဘ၀အာမခံချက်မရှိတဲ့အတွက် အခုလို ဆန္ဒပြတာလို့ ဆန္ဒပြအလုပ်သမား ကိုဇော်ထက်က ပြောပါတယ်။

“ဆန္ဒပြုတုန်းကတော့ အားလုံးအစစအရာရာ လုပ်ပေးမယ်လို့ ကတိခံပြီးမှ တကယ်လည်း အော်ဒါတွေလည်း ထွက်ရော ဘာမှခိုင်လုံမှုမရှိဘူး။ အစိုးရကနေ ပုဂ္ဂလိကကို လွှဲတုန်းက ၂ သီးစားလုပ်ကြပါ၊ လက်ရှိခံစားနေတဲ့ လစာ ၃ သောင်းအတိုင်း သူတို့ ပေးပါ့မယ်၊ လွှဲပေးပါ့မယ်ဆိုပြီး ဆန္ဒပြုခိုင်းတယ်။ ကျနော်တို့ဝန်ထမ်းတွေလည်း ဒီမှာ အခြေကျတာ ကြာပြီဆိုတော့ မပြောတော့ဘူး။ အရင်တိုင်း ခံစားရမယ်ဆိုပြီး လုပ်ကြတာ။ အခု အော်ဒါထွက်လာတော့ အရင်လစာအတိုင်း ခံစားခွင့် မရဘူး။ လစာကိစ္စလည်း ဆွေးနွေးတုန်းတဲ့။ ဘာမှ ခိုင်လုံတိကျမှုမရှိဘူး။”

ဆန္ဒပြရတဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး အလုပ်သမး ကိုဇော်ထက်ကို မေးမြန်းထားပါတယ်။

By နော်နိုရင်း (ဒီဗွီဘီ)

အသံဖိုင်နားဆင်ရန်