Home » » တရုတ်သို့ တိုက်ရိုက်ဖောက်လုပ်မည့် ကျောက်ဖြူ-မူဆယ် ရထားလမ်းစီမံကိန်း အလောတကြီး မလုပ်ဟုဆို

တရုတ်သို့ တိုက်ရိုက်ဖောက်လုပ်မည့် ကျောက်ဖြူ-မူဆယ် ရထားလမ်းစီမံကိန်း အလောတကြီး မလုပ်ဟုဆို

Written By Unknown on Friday, January 3, 2014 | 2:14 PM

တရုတ်နိုင်ငံသို့ သွယ်တန်းထား သည့် ဓာတ်ငွေ့ပိုက်လိုင်းနှင့် အပြိုင် ဖောက်လုပ်မည့် ကျောက်ဖြူ-မူဆယ် ရထားလမ်း စီမံကိန်းသည် ရေရှည်လုပ် ငန်းကြီးတစ်ခုဖြစ်၍ မြန်မာဘက်မှ ယင်းကိစ္စကို အလောတကြီး မလုပ်ဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားသည်။ တရုတ်နှင့် နှစ်နိုင်ငံ နားလည်မှု
စာချွန်လွှာလက်မှတ်ရေးထိုးမှုကို ၂ဝ၁၁ ခုနှစ် ဧပြီလအတွင်း တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး သုံးနှစ်တာကာလကြာသည့် ယခု အချိန်တွင် ဝန်ကြီးဌာနက အထက်ပါ အတိုင်းပြောကြားလိုက်ခြင်း ဖြစ်သည်။

''ဌာနစုံလည်း ပါတယ်။ပြီးရင် လူထုကြီးကိုပါ ချပြရဦးမှာ။ ဒီတော့ အချိန်က ယူကိုယူရမယ်''ဟု အထက်ပါ ဝန်ကြီးဌာန၏ အကြီးတန်း တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ရှမ်းပြည်နယ် မူဆယ်အထိ ထိုမှတရုတ် နိုင်ငံ ကူမင်းမြို့အထိ ဆက်သွယ်ဖောက် လုပ်မည့် ရထားလမ်း စီမံကိန်းမှာ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့် ဆက် စပ်လျက်ရှိပြီး လက်ရှိတွင် တရုတ် (China Railway Engineering Corporation) က ရထားလမ်းစီမံကိန်း အား ဖြစ်နိုင်ခြေရှိမှုတို့ကို ဆောင်ရွက် နေသည်ဟု သိရသည်။

ရွှေသဘာဝဓာတ်ငွေ့လှုပ်ရှားမှု အဖွဲ့နှင့် ပိုက်လိုင်းတစ်လျှောက် စောင့် ကြည့်ရေး လူမှုအဖွဲ့တို့က ထောက်ပြ ဝေဖန်မှုများရှိထားသည့် အဆိုပါ ရထား လမ်းစီမံကိန်းအပေါ် အစိုးရဘက်က လည်း အဆောတလျင် မလုပ်သေးဘဲ သတိထားပုံရကြောင်း ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန အကြီးတန်းတာဝန်ရှိသူက ''ဖြစ်နိုင်ခြေ ရှိမှုကို တရုတ်ဘက်ကရော ကျွန်တော် တို့ဘက်ကရော လုပ်နေတာက နှစ်နှစ် ပြည့်ပြီးလို့ နောက်ထပ် တစ်နှစ်တောင် သက်တမ်းတိုးပေးထားပါတယ်။ ဒါကို ကြည့်ခြင်းဖြင့် ကျွန်တော် တို့က ပြည်သူ ကို ဗဟိုပြုနေတာပါ။ ပြည့်ပြည့်စုံစုံထပ် လုပ်ပေးပါ။

ဒီလိုပဲ တရုတ်ကုမ္ပဏီဘက် ကို ပြောထားပါတယ်''ဟု ပြောသည်။ တရုတ်ပိုက်လိုင်းဖြတ်သန်း ဖောက် လုပ်မည့် စီမံကိန်းအချက်အလက်များ ကိုဖောက်လုပ်ရန် သဘောတူစာချုပ် ချုပ်ဆိုပါကကွယ်ဝှက်၍ လုပ်ဆောင် သွားရမည့်ကိစ္စ မဟုတ်သည့်အတွက် ပြည်သူထံအသိပေးသွားမည်ဟု ၎င်းက ဆက်ပြောသည်။

PN-051
Popular Myanmar News Journal