ပေကျင်း ၊ ဇန်နဝါရီ ၆ ။ ။ လျှပ်စစ် စက်ဘီးလုပ်ငန်းပိုင်ရှင် တရုတ် ဘီလျံနာ ချန်ဂေါင်ဘီယာနိုက နယူးယောက်တိုင်းမ် သတင်းစာ ကို ဝယ်ယူရန် ဆန္ဒရှိနေမှုကို ဟာသမပြုလုပ်ရန် တုံ့ပြန်ပြော ကြားခဲ့သည်ဟု သိရသည်။
မစ္စတာချန် ဂေါင်ဘီယာနို သည် နယူးယောက်တိုင်းမ် သတင်းစာကို ဝယ်ယူရန်ပြင် ဆင်လျက်ရှိကြောင်း ပြီးခဲ့သော အင်္ဂါနေ့တွင် တရားဝင် ထုတ် ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ သို့သော် AFP မှ နယူးယောက် တိုင်းမ် သတင်းစာသို့ မေးမြန်း ရာတွင် နယူးယောက် တိုင်းမ်သတင်း စာ၏ ပြောရေး ဆိုခွင့်ရှိသူတစ် ဦးက ကောလာဟလသတင်း များ အတွက် ပြန်လည်ဖြေကြား မည်မဟုတ်ဟု ပြောကြားခဲ့ သည်ဟု သိရသည်။
ယင်းပေါ်တွင် မစ္စတာချန် မှာ အမျက်ဒေါသထွက်လျက် ရှိပြီး တရုတ် လုပ်ငန်းရှင်တစ်ဦး က အမေရိကန်သတင်းစာတစ် စောင်ကို ဝယ်ယူခြင်း အပေါ် အဘယ်ကြောင့် ကောလာဟလ ဟု ဆိုကြသနည်း ဟု ပြန် လည် မေးခွန်းထုတ်ခဲ့ပြီး လွန်စွာစိတ် ဆိုးဒေါသ ထွက်မိ သည်ဟု ဆို ခဲ့ကြောင်း သိရှိရသည်။ မစ္စ တာချန်သည် နယူးယောက် တိုင်းမ်ကို ဝယ်ယူရန်အတွက် ဒေါ်လာတစ်ဘီလီယံ ကုန်ကျ မည်ဟုမျှော်မှန်း ထားပြီး ဟောင် ကောင်လုပ်ငန်းရှင်တစ်ဦးကို ဒေါ်လာ သန်း၆၀၀ ရှယ်ယာ ထည့်ဝင် ရန် ကမ်းလှမ်းထားသည် ဟု သိရသည်။
မစ္စတာချန်က သင့်လျော် သောဈေးနှုန်းအတွက် မိမိအနေဖြင့် မဝယ်ယူနိုင် စရာအ ကြောင်းမရှိကြောင်းနှင့် ဇန်နဝါ ရီ၅ရက်တွင် နယူးယောက် တိုင်းမ် ရှယ် ယာ ပိုင်ရှင်များနှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနသို့ ဖြေ ကြားခဲ့ သည်ဟု သိရသည်။
Ref: News man
Yangon Media Group
Home »
World News
» နယူးယောက်တိုင်းမ်ကို ဝယ်ယူမည်မှာ ဟာသမဟုတ်ဟု တရုတ် ဘီလီလျံနာဆို