Home » » မိတ္ထီလာတွင် ညမထွက်ရ အမိန့်ရုပ်သိမ်း

မိတ္ထီလာတွင် ညမထွက်ရ အမိန့်ရုပ်သိမ်း

Written By Unknown on Friday, January 3, 2014 | 5:31 PM

မိတ္ထီလာ ၊ ဇန်န၀ါရီ ၂ ။ ။ မိတ္ထီလာမြို့ တွင် ညမထွက်ရ အမိန့်ကို ရုပ် သိမ်းလိုက်ပြီဖြစ်ကြောင်း မိတ္ထီ လာမြို့မရဲစခန်းမှ သိရသည်။

ဒေသတွင်း ပြန်လည် တည်ငြိမ်လာမှုနှင့် ညမထွက်ရ အမိန့်ကြောင့် စီးပွားရေးလုပ် ငန်းများ ထိခိုက်မှုရှိလာသော ကြောင့် ညမထွက်ရအမိန့်ကို ၂၀၁၃ခုနှစ် ဒီဇင်ဘာ ၃၁ရက် ည ၆နာရီမှ စတင်ရုပ်သိမ်းပေး လိုက်ကြောင်း မိတ္ထီလာမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''ဒီဇင်ဘာ ၃၁ရက်ကပဲ ညမထွက်ရအမိန့်ကို ပြန်ရုပ် သိမ်းလိုက်တာပါ။ ဒါပေမဲ့ လုံ ခြုံရေးတွေကတော့ ဆက်ချထား ပါတယ်''ဟု ယင်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ညမထွက်ရအမိန့်ကို ရုပ် သိမ်းလိုက်သဖြင့် စီးပွားရေးလုပ် ငန်းများ ပြန်လည် လည်ပတ် လာနိုင်သော်လည်း ဒေသခံလူ မျိုးခြားတချို့မှာ လုံခြုံရေးအတွက် စိုးရိမ်မှုများရှိနေသေးကြောင်း မိတ္ထီလာမြို့လယ် ဈေးရောင်း သူတစ်ဦးက ပြောသည်။

''အခြေအနေက တည် ငြိမ်နေပြီဆိုပေမယ့် အထိမခံ နိုင်တဲ့ အခြေအနေမျိုးပဲ ရှိနေ သေးတော့ လူမျိုးခြားတွေက တော့ စီးပွားရေး၊ လူမှုရေးနဲ့ ပတ်သက်ပြီး ကြောက်နေကြ တုန်းဖြစ်နေတယ်''ဟု မိတ္ထီလာ မြို့လယ်နာရီစင်အနီး ဈေး ရောင်းသူ ကိုကျော်သူလင်းက ပြောသည်။

ငယ်ထွေး(ကလေး)

Yangon Media Group