Home » » ကွာလာလမ်ပူတွင် မီးရှို့တိုက်ခိုက်ခံရ မြန်မာတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ကွာလာလမ်ပူတွင် မီးရှို့တိုက်ခိုက်ခံရ မြန်မာတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

Written By Unknown on Friday, January 10, 2014 | 4:01 PM

သန့်ဇင်၊ ကွာလာလမ်ပူ၊ ဇန်န၀ါရီ-၉

ဇန်န၀ါရီ ၈ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူ ဂျလန်းသွန်နမ်း ရပ်တွင် မြန်မာနိုင်ငံသားနှစ်ဦးနေထိုင်သည့် ကွန်တိန်နာအိမ်အား မီးရှို့တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် မြန်မာတစ်ဦး မီးလောင်သေဆုံးခဲ့ရပြီး တစ်ဦးကို မီးသတ်နှင့်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ကယ်တင်နိုင်ခဲ့ကြောင်း မလေးရှားသည်စတားအွန်လိုင်း သတင်းစာ၌ ဖော်ပြပါရှိသည်။
ဖြစ်စဉ်မှာ ဇန်န၀ါရီ ၈ ရက် နံနက် ၃ နာရီတွင် ဂျလန်းသွန်နမ်းရပ်ကား ပါကင်ဝင်း၌ အသက် (၂၈)နှစ်အရွယ် မြန်မာအမျိုးသားနှစ်ဦး နေထိုင်သည့် အဆိုပါ ကွန်တိန်နာအိမ်အားမီးရှို့တိုက်ခိုက်ခံရကြောင်း မီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့ထံသို့ နံနက် ၃ နာရီခွဲတွင် ဖုန်းဆက်အကြောင်း ကြားခဲ့သည်။

ထို့ကြောင့် ဆန်တူးလ်နှင့် ဟန်တွားမီးသတ်ဌာနများက သွားရောက် မီးငြှိမ်းသတ်ခဲ့ရာတွင် တစ်ဦးကို ကယ်ဆယ်နိုင်ပြီး တစ်ဦးမှာ မီးထဲပါသွားခဲ့သည်။

တာဝန်ရှိသူများ၏ အဆိုအရ အခင်းဖြစ်ရာအနီးအနားတွင် ပလတ်စ တစ်ပုံးနှစ်ပုံးတွေ့ရ၍ မီးရှို့တိုက်ခိုက်သည်ဟု ယုံကြည်သည်ဟု ဆိုခဲ့သည်။

မြို့တော်စီအိုင်ဒီအကြီးအကဲကလည်း မြန်မာနိုင်ငံသားတစ်ဦး မီးလောင် သေဆုံးရခြင်းတွင် ရည်ရွယ်ချက်ဖြင့် မီးရှို့တိုက်ခိုက်သည့် သဲလွန်စများရထား ကြောင်းနှင့် အသက်မသေဘဲ ကျန်ခဲ့သူမှာလည်း မီးလောင်ဒဏ်ရာနှင့် မီးခိုးမွန် ဒဏ်များကြောင့် ကွာလာလမ်ပူဆေးရုံသို့ ပို့ထားကြောင်း၊ အမှုဖွင့်ထားပြီး အမြန်ဆုံး တရားခံဖမ်းမိနိုင်ရန်
ဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ